နက္ခတ်သိပ္ပံ အကြံပြုလမ်းညွှန် - March 24, 2014
တနင်္ဂနွေဂြိုဟ် မိန်ရာသီနှင့် ဗုဒ္ဓဟူးဂြိုဟ် ကုမ်ရာသီ၌
ရပ်တည်နေပြီး အင်္ဂါဂြိုဟ် တူရာသီ၌ ဖေါက်ပြန် တည်ရှိနေမည်။ တနင်္လာဂြိုဟ်
ဓနုရာသီ၌ ရပ်တည်နေပြီး သောကြာဂြိုဟ် မကာရရာသီ၌ ရပ်တည်နေမည်။ ကြာသပတေးဂြိုဟ်
မေထုန်ရာသီ၌ ရပ်တည်နေပြီး စနေဂြိုဟ် တူရာသီတွင် ဖေါက်ပြန် တည်ရှိနေပါမည်။
ရာဟုနှင့်ကိတ်ဂြိုဟ်များ တူရာသီနှင့် မိဿရာသီ၌ တည်ရှိနေမည်။
ယူရေးနပ်စ်ဂြိုဟ် မိန်ရာသီ၊ နက်ပ်ကျွန်းနှင့် ပလူတိုဂြိုဟ်များ
ကုမ်နှင့်ဓနုရာသီ၌ တည်ရှိနေမည်။ တနင်္လာမှတနင်္ဂနွေနှင့် ယူရေးနပ်စ်သို့
၉၀ံအမြင်၊ တနင်္လာနှင့်ကြာသပတေး အပြန်အလှန် ၁၈၀ံအမြင် ရှိထားသည်။ မူလ
နက္ခတ်စန်းယှဉ်ပြီး မိဿ၊ မေထုန်၊ သိဟ်၊ ကန်၊ တူ၊ ဓနု၊ မကာရနှင့်
မိန်ရာသီဖွားများ ကံဇာတာ မြင့်မားချိန် ဖြစ်သည်။ တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ၊
ဗုဒ္ဓဟူးနှင့် စနေသားသမီးများ အရေးကြီးကိစ္စ ဆောင်ရွက်နိုင်သည်။
ဆေးဝါးဖော်စပ်မှုနှင့် မိတ်ဆက်ဖြန့်ဖြူးမှု၊ ဆေးဝါးကုသခံယူမှု၊
သီးနှံပန်းမာန်မျိုးကြဲ စိုက်ပျိုးမှုများ၊ တရားဘာဝနာ
ကျင့်ကြံအားထုတ်မှုများ၊ အခက်အခဲ အကြပ်အတည်းမှ လွတ်မြောက်ရန် ကြိုးပမ်းမှု၊
သုတေသနပြုလုပ်ငန်းကိစ္စ၊ အစိုးရရုံးပိုင်းဆိုင်ရာ၊
အနုပညာထုတ်လုပ်ဖြန့်ချီမှု၊ ဖက်ရှင်အလှပြင်ဆိုင်နှင့် ရတနာဆိုင်ဖွင့်လှစ်မှု၊
သိဒ်္ဓိအစီအရင်များ ဆောင်ရွက်နိုင်သည်။
ကံကောင်းဂဏန်း-၂၊ ၄၊ ဝ
တနင်္ဂနွေသားသမီးများ
ခရီးဝေးများ သွားလာရပြီး ကံကောင်းအကျိုးရှိမည့် အချိန်ကာလဖြစ်သည်။
တနင်္လာသားသမီးများ
မှန်ကန်သည့် ဆုံးဖြတ်ယူဆချက်များဖြင့် အောင်မြင်မှု အခွင့်အလမ်းများ ပုံဖော်နိုင်မည်။
အင်္ဂါနေ့သားသမီးများ
ငွေကြေးအကျိုးပေးကံ ကောင်းမွန်သော အချိန်ကာလဖြစ်သည့် အတွက် ထီကံစမ်းပေးသင့်ချိန်ဖြစ်သည်။
ဗုဒ္ဓဟူးနေ့သားသမီးများ
လုပ်ငန်းတွင် ကောင်းသော အဆက်အသွယ် အထောက်အပံ့ အကူအညီကောင်းများ ရရှိ၍ ကြိုးစားသလောက် အရာထင်မည်။
ကြာသာပတေးနေ့သားသမီးများ
လူမှုရေးကိစ္စအ၀၀အတွက် စိတ်ပင်ပန်းဖိစီးမှု များပြားပြင်းထန်ချိန်ဖြစ်သည်။
သောကြာနေ့သားသမီးများ
ငွေကုန်ကြေးကျများပြားပြီး လက်ထဲငွေမမြဲတတ်သော အချိန်ကာလဖြစ်သည်။
စနေနေ့သားသမီးများ
ငွေကြေးကံ ဆက်လက်ကောင်းမွန်၍ ထီပေါက်သကဲ့သို့ ငွေကြေးအများအပြား ရရှိချိန်ဖြစ်သည်။
ရာဟုနေ့သားသမီးများ
ငွေကြေးကိစ္စများအတွက် ဆုံးရှုံးနစ်နာမှုနှင့် ပြဿနာများ ရင်ဆိုင်ရတတ်သည်။ | တနင်္ဂနွေသားသမီးများ ၀တ်ဆင်ရန် | အ၀ါ၊ ဆင်စွယ်၊ ပန်းရောင် |
| တနင်္လာနေ့သားသမီးများ ၀တ်ဆင်ရန် | ဆင်စွယ်၊ အ၀ါ၊ အနီ |
| အင်္ဂါနေ့သားသမီးများ ၀တ်ဆင်ရန် | အနီ၊ အ၀ါ၊ ခရမ်း |
| ဗုဒ္ဓဟူးနေ့သားသမီးများ ၀တ်ဆင်ရန် | အစိမ်းနု၊ အ၀ါ၊ ခရမ်း |
| ကြာသာပတေးနေ့သားသမီးများ ၀တ်ဆင်ရန် | အစိမ်းနု၊ အနီ၊ ခရမ်း |
| သောကြာသားသမီးများ ၀တ်ဆင်ရန် | အနီ၊ အနက်၊ အစိမ်းနု |
| စနေနေ့သားသမီးများ ၀တ်ဆင်ရန် | အစိမ်းနု၊ အ၀ါ၊ အနက် |
| ရာဟုနေ့သားသမီးများ ၀တ်ဆင်ရန် | အ၀ါ၊ အနီ၊ အစိမ်းနု |
No comments:
Post a Comment