Wednesday, March 19, 2014


နက္ခတ်သိပ္ပံ အကြံပြုလမ်းညွှန်


တနင်္ဂနွေဂြိုဟ် မိန်ရာသီနှင့် ဗုဒ္ဓဟူးဂြိုဟ် ကုမ်ရာသီ၌ ရပ်တည်နေပြီး အင်္ဂါဂြိုဟ် တူရာသီ၌ ဖေါက်ပြန် တည်ရှိနေမည်။ တနင်္လာဂြိုဟ် တူရာသီ၌ ရပ်တည်နေပြီး သောကြာဂြိုဟ် မကာရရာသီ၌ ရပ်တည်နေမည်။ ကြာသပတေးဂြိုဟ် မေထုန်ရာသီ၌ ရပ်တည်နေပြီး စနေဂြိုဟ် တူရာသီတွင် ဖေါက်ပြန် တည်ရှိနေပါမည်။ ရာဟုနှင့် ကိတ်ဂြိုဟ်များ တူရာသီနှင့်မိဿရာသီ၌ တည်ရှိနေမည်။ ယူရေးနပ်စ်ဂြိုဟ် မိန်ရာသီ၊ နက်ပ်ကျွန်းနှင့် ပလူတိုဂြိုဟ်များ ကုမ်နှင့်ဓနုရာသီ၌ တည်ရှိနေမည်။ နက်ပ်ကျွန်းနှင့် ဗုဒ္ဓဟူးမှတနင်္လာသို့ ၁၂၀ံအမြင်၊ ကြာသပတေးမှတနင်္လာသို့ ၁၂၀ံအမြင်၊ တနင်္လာမှသောကြာသို့ ၉၀ံအမြင် ရှိထားသည်။ သွာတိ နက္ခတ်စန်းယှဉ်ပြီး မိဿ၊ မေထုန်၊ ကရကဋ်၊ ကန်၊ တူ၊ ဓနု၊ မကာရနှင့် ကုမ်ရာသီဖွားများ ကံဇာတာ မြင့်မားချိန် ဖြစ်သည်။ တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ စနေ၊ ရာဟုသားသမီးများ အရေးကြီးကိစ္စ ဆောင်ရွက်နိုင်သည်။ လေကြောင်းနှင့် အာကာသ နည်းပညာ လုပ်ငန်းများ၊ သဘာဝဓါတ်ငွေ့တူးဖော်ခြင်း၊ သီးနှံစပါးရိတ်သိမ်းမှု၊ ဆန်စပါးဝယ်ယူမှု၊ အလျှင်အမြန် ရောင်းဝယ်ဖေါက်ကားလိုသော ကုန်ပစ္စည်း စုဆောင်းမှု၊ ဘာသာရေးနှင့် အလှူမင်္ဂလာကိစ္စရပ်များ၊ အထက်အကြီးအကဲများထံမှ အကူအညီရယူမှု၊ အနုပညာ မိတ်ဆက်ဖြန့်ဖြူးမှု၊ ဖက်ရှင်/စတိုးဆိုင်နှင့် ဟော်တယ်ဖွင့်လှစ်မှု၊ လေလံနှင့်ယှဉ်ပြိုင်ရသော ကိစ္စရပ်များ၊ ထီကံစမ်းမှုများ ဆောင်ရွက်နိုင်သည်။ ကံကောင်းဂဏန်း- ၅၊ ၁၊ ၃


 တနင်္ဂနွေသားသမီးများ
လုပ်ငန်းပိုင်း ကြီးပွားအောင်မြင်ပြီး ရွှေရောင်အောင်မြင်မှု လမ်းမများထက် ဂုဏ်သိက္ခာ မြင့်မားတိုးတက်ချိန် ဖြစ်သည်။

တနင်္လာသားသမီးများ
အောင်မြင်မှု ရက်စွဲများအောက် မိမိလိုအင်ဆန္ဒများ လှပစွာ ပုံဖော်ခွင့် ရရှိမည်။

အင်္ဂါနေ့သားသမီးများ
အထက်အကြီးအကဲ ဆရာသမားများထံမှ အထောက်အပံ့ အကူအညီကောင်းများ ရရှိလာမည်။

ဗုဒ္ဓဟူးနေ့သားသမီးများ
ကံကောင်းကြီးပွားမှုများ ဆက်လက်ရယူ ပိုင်ဆိုင်ခွင့်ရှိမည့် ရွှေရောင်အချိန်ကာလဖြစ်သည်။

ကြာသာပတေးနေ့သားသမီးများ
ထူးခြားသည့် ကံကောင်းကြီးပွား အောင်မြင်မှုများ ရယူပိုင်ဆိုင်ခွင့်ရှိမည့် ရွှေရောင်နေ့ရက်ဖြစ်သည်။

သောကြာနေ့သားသမီးများ
ဆွေမျိုးသားချင်း အရေးကိစ္စများအတွက် အတိုက်အခံ အနှောင့်အယှက် ပဋိပက္ခများ ရင်ဆိုင်ရတတ်သည်။

စနေနေ့သားသမီးများ
ရွှေရောင်ကံကောင်း အောင်မြင်မှုများ မိမိလက်ဝယ် ရောက်ရှိလာမည့် အချိန်ကာလဖြစ်သည်။

ရာဟုနေ့သားသမီးများ
လုပ်ငန်းတွင် ကောင်းသော အဆက်အသွယ် အထောက်အပံ့ အကူအညီကောင်းများ ရရှိ၍ ကြိုးစားသလောက် အရာထင်မည်။
 


တနင်္ဂနွေသားသမီးများ ၀တ်ဆင်ရန် ပန်းရောင်၊ အပြာနု၊ အ၀ါ
တနင်္လာနေ့သားသမီးများ ၀တ်ဆင်ရန် ဆင်စွယ်၊ အနက်၊ အ၀ါ
အင်္ဂါနေ့သားသမီးများ ၀တ်ဆင်ရန် အနီ၊ အစိမ်းနု၊ အ၀ါ
ဗုဒ္ဓဟူးနေ့သားသမီးများ ၀တ်ဆင်ရန် ခရမ်း၊ အ၀ါ၊ အစိမ်းနု
ကြာသာပတေးနေ့သားသမီးများ ၀တ်ဆင်ရန် အနက်၊ ဆင်စွယ်၊ အ၀ါ
သောကြာသားသမီးများ ၀တ်ဆင်ရန် အနီ၊ ဆင်စွယ်၊ နက်ပြာ
စနေနေ့သားသမီးများ ၀တ်ဆင်ရန် အနီ၊ ခရမ်း၊ အ၀ါ
ရာဟုနေ့သားသမီးများ ၀တ်ဆင်ရန် အစိမ်းရင့်၊ အ၀ါ၊ ခရမ်း

No comments:

Post a Comment

back to top