Tuesday, March 25, 2014

ဘာစီလိုနာ အသင်းကို ရှုံးနိမ့်မှုအတွက် ကွင်းလယ် ဒိုင်လူကြီးကို ရော်နယ်ဒို ပြစ်တင် ဝေဖန်

 ရီးရဲလ်မက်ဒရစ်အသင်း ရှေ့တန်းကစားသမား ခရစ္စတီယာနိုရော်နယ်ဒို က ဘာစီလိုနာအသင်းကို လေးဂိုး-သုံးဂိုးဖြင့် ရှုံးနိမ့်ခဲ့သော အိမ်ကွင်း ပွဲစဉ်တွင် မယုံကြည်နိုင်ဖွယ်ရာ ကောင်းသော ဆုံးဖြတ်ချက် များက ၎င်းတို့ကို ထိခိုက်စေခဲ့ပြီး ဒိုင်လူကြီး ကို ပြစ်တင် ဝေဖန်ခဲ့ကြောင်း သိရသည်။ ဘာစီလိုနာအသင်း၏ ဖလားမျှော်လင့်ချက်များကို ပြန်လည် ရှင်သန်စေခဲ့သော ယင်းပွဲစဉ်တွင် မက်ဆီသည် ဟက်ထရစ် သွင်းယူခဲ့ပြီး နှစ်ဂိုးမှာ ပင်နယ်တီများမှတစ်ဆင့် သွင်းယူခဲ့ခြင်း ဖြစ်သည်။ “ဒိုင်လူကြီးဟာ အမှားတွေ အများကြီး လုပ်ခဲ့ပါတယ်။ ပွဲရဲ့အဆင့်အတန်းပေါ် မူတည်ပြီး ဒိုင်လူကြီး တစ်ဦးရှိဖို့ လိုအပ်ပါတယ်။ သူကြည့်ရတာက ဖြူဖပ်ဖြူရော် ဖြစ်နေပြီး စိုးရွံ့နေပုံ ပေါ်ပါတယ်။ ပွဲရလဒ်အပေါ်မှာ ကျွန်တော် ရှင်းချက် မထုတ်ချင်ပေမယ့် သူက အရည်အချင်း ညံ့ဖျင်းလှပါတယ်။ ကျွန်တော်တို့ကို အနိုင်မရစေချင်တဲ့၊ ဘာစီလိုနာအသင်းကို ဖလားလုပွဲကနေ မထွက်စေချင်တဲ့ လူတွေရှိပါတယ်။ ရီးရဲလ်အသင်း ဖလားရရင် စိတ်မချမ်းမသာဖြစ်မယ့် လူအချို့ ရှိပါတယ်။ ကျွန်တော်တို့ စိတ်မကောင်း ဖြစ်ခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ဒီ့ထက်မက ပိုရရှိခဲ့သင့်တာပါ” ဟု ရော်နယ်ဒိုက ပြစ်တင် ဝေဖန်ခဲ့သည်။

No comments:

Post a Comment

back to top