Monday, March 24, 2014

လားရှိုးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ရှေးဟောင်းစေတီ ပြန်လည်မွမ်းမံရာတွင် အလှူငွေထည့်ဝင် လှူဒါန်း

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်၊ နားကွမ်းလုံကျေးရွာအုပ်စု အနီးရှိ အဓိဋ္ဌာန်အောင် ရှေးဟောင်းစေတီ (အောင်မြေစေတီ) ပြုပြင်မွမ်းမံခြင်းသို့ လားရှိုးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အလှူငွေ ကျပ်တစ်သိန်း ထည့်ဝင် လှူဒါန်း မှုကို မတ်လ (၂၁)ရက် နေ့လည် (၁၁း၅၀)နာရီတွင် အဆိုပါနေရာ၌ ပြု လုပ်ကြောင်း သိရှိရသည်။
အလှူငွေ ထည့်ဝင်လှူဒါန်းခြင်းတွင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီကော်မတီ ၀င် ဒေါ်နှင်းယုနောင် က ခေတ်စနစ်ပြောင်းလဲလာမှုနှင့် ပြည်ခိုင်ဖြိုးပါတီ၏ မူဝါဒ လုပ်ငန်းစဉ်သဘော ထားများ၊ ကျေးလက် ဒေသ လူမှုစီးပွား ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစဉ်များကို ရှမ်းတိုင်းရင်းသားဘာသာ စကားဖြင့် ရှင်း လင်းဆွေးနွေးပြီး လှူဒါန်းငွေကို ပေးအပ်ရာ ကျေးရွာသူကြီး ဦးစိုင်းပန်းဆာနှင့် ရပ်မိရပ်ဖများက လက်ခံရယူသည်။
၎င်းနောက် ပါတီဝင်ရပ်မိရပ်ဖ ဦးစိုင်းအောင်လှက သာဓုခေါ်၍ ကျေးဇူးတင် စကား ပြောကြားပါသည်။
အဆိုပါရှေးဟောင်းစေတီမှာ လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ကျော်ခန့်က တည်ထား ခဲ့သော စေတီဖြစ်ကြောင်း၊ ဒေသခံရပ်မိရပ်ဖများမှ ပြောပြကြပြီး၊ နားကွမ်းလုံကျေးရွာ အနောက်ဖက် (၅)ဖာလုံခန့် အကွာတွင် တည် ရှိကြောင်းနှင့် အလှူငွေပေးအပ်ရာသို့ မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေး မှူးနှင့် ပါတီကော်မတီဝင်များ၊ ကျေးရွာပြည်ခိုင်ဖြိုးပါတီအဖွဲ့နှင့် ရပ်မိရပ်ဖများ တက်ရောက်ကြသည်။

No comments:

Post a Comment

back to top