ရီးယားကုမ္ပဏီနှစ်ခုနှင့် ကိုရီးယားသံရုံး တို့၏ပူးပေါင်းဖိတ်ခေါ်မှုနှင့်
ကိုရီးယား K-pop အဆိုတော်အဖွဲ့ Girl’s Day နှင့်အတူ Dal Shabet, Tint နှင့်
အခြားသော ကိုရီးယား အနုပညာရှင်များသည် ဧပြီ ၃ဝ ရက်တွင် သုဝဏ္ဏအားကစားပွဲရုံ၌ ကျင်းပရန် စီစဉ် နေကြောင်းသိရသည်။
ယခုပြုလုပ်မည့် ပွဲတွင်
မြန်မာအနုပညာ ရှင်များလည်း အတူတကွ ပါဝင်ဆင်နွှဲ မည်ဖြစ်သည်။ ၄င်း ပွဲကို
စီစဉ်နေသူ တစ်ဦးအား မေး မြန်းခဲ့ရာ ''ဧပြီ ၃ဝမှာ ကိုရီးယား K-POP အဖွဲ့
Girl’s Day လာရောက်ဖျော်ဖြေဖြစ်မယ်။ ကျင်းပမယ့်နေရာ ကတော့ အတိအကျမသိရ
သေးပါဘူး။ အထက်က ချပေးတဲ့နေရာမှာ လုပ်ရမှာပါ။သတင်း အပြည့်အစုံသိရရင် Press Conference လုပ်ပေးပြီး မြန်မာနိုင်ငံက ပရိသတ်တွေကို အသိပေးမှာပါ'' ဟုပြောသည်။ ထို့အပြင်
K-pop အဆိုတော် Girl’s Day ရဲ့ဖျော်ဖြေပွဲ အစီအစဉ်ကို မြဝတီရုပ်သံ မှာ
ထုတ်လွှင့်ဖို့အစီအစဉ်ရှိကြောင်း ကိုရီး ယား Website တစ်ခုမှသိရသည်။
ယင်းနှင့်ပတ်သက်၍
ကိုရီးယားသံရုံး သို့ ဆက်သွယ်မေးမြန်းရာတွင် ''ကိုရီးယား K-Pop
အဆိုတော်အဖွဲ့လာမယ်ဆိုတာတော့ ကြားထားပါတယ်။သံရုံးကနေစီစဉ်တာ
တော့မဟုတ်ပါဘူး။ မြန်မာဘက် Entertainment ကုမ္ပဏီတစ်ခုကနေ စီစဉ်တာပါ'' ဟုဖြေကြားခဲ့သည်။
No comments:
Post a Comment