Tuesday, March 25, 2014


လွိုင်ကော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အခြေခံ ထေရ၀ါဒ ဗုဒ္ဓဘာသာ ယဉ်ကျေး မှုသင်တန်း ဖွင့်လှစ်

လွိုင်ကော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှကြီးမှူး၍ အခြေခံ ထေရ၀ါဒ ဗုဒ္ဓ ဘာသာ ယဉ်ကျေးမှုသင်တန်းဖွင့်ပွဲ အခမ်းအနားကို မတ်လ(၂၄)ရက်နေ့ နံနက် (၁၀) အချိန် က လွိုင်ကော်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီရုံး သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ရွှေတောင် ပရိယတ္တိစာသင် တိုက် နှင့် သီရိမင်္ဂလာပုံ (ဟော်ကြီး) ပရိယတ္တိစာသင်တိုက်မှ သံဃာတော် များ၊ လွိုင်ကော်မြို့နယ် ပါတီနာယက လူမှုရေးဝန်ကြီး ဦးကိုးရယ်၊ ပြည်နယ်/ ခရိုင်/လွိုင်ကော်မြို့နယ် ကော်မတီဝင်များ၊ သင်တန်းနည်းပြများနှင့် သင်တန်း သား/သူ စုစုပေါင်း (၂၂၀)ဦး တက်ရောက်ကြသည်။



ဦးစွာအခမ်းအနားကို နမောတဿ(၃)ကြိမ် ရွတ်ဆိုဖွင့်လှစ်ပြီး ရွှေတောင် ပရိ ယတ္တိစာသင်တိုက် စာချ ဓမ္မစရိယ ဥုးရာဇိန္နဒထံမှ ငါးပါးသီလ ခံယူဆောက် တည်ပြီး သြ၀ါဒကထာမြွတ်ကြားမှုကို နာယူပါသည်။ ''ယနေ့ မြန်မာနိုင်ငံ၏ သာသနာကို အတွင်းဖျက်ပိုး၊ ပြင်ပမှ ဖျက်ပိုးများကြောင့် ပျက်စီးနိုင်သည့် အခြေအနေနှင့် ရင်ဆိုင်ရေသည့်အတွက် ယခုလို အမျိုးဘာသာ သာသနာ ကို စောင့်ရှောက်ကြရန် အထူးအရေးကြီးနေပါကြောင်း၊ တိုင်းနှင့်ပြည်နယ် အသီးသီးတွင် သာသာ တရားကိုအခြေခံပြီး သင်တန်းမျိုးစုံ ဖွင့်လှစ်နေသည် ကို အားရဖွယ် တွေ့မြင်နေရပါကြောင်း၊ သို့သော် မိမိတို့ ကယားပြည်နယ် အတွင်း ယခုလို သင်တန်းမျိုးများစွာ ဖွင့်လှစ်ပေးဖို့ လိုအပ် နေကြောင်း၊ ဆရာဒကာညီညွတ်စွာ ဖွင့်လှစ်ပေးနိုင်ရေး သင်ကြားပို့ချပေးရန် ဆန္ဒရှိနေ သည့် သံဃာတော်များစွာ ရှိတဲ့အတွက် ဒါယိကာများ၏ အားထည့်ကြိုး ပမ်းပေးမှု လိုအပ်ပါကြောင်း၊ ဗုဒ္ဓသာသနာ ကွယ်ပျောက်မသွားစေရန်နှင့် ကိုယ်ကျင့်တရား ကောင်းမွန်အောင် ယနေ့ လူငယ် မောင်မယ်များ က စောင့်ရှောက်သွားကြဖို့ တိုက်တွန်းလိုပါကြောင်း" သြ၀ါဒစကား မြွတ် ကြား ပါသည်။
ဆက်လက်၍ လွိုင်ကော်မြို့နယ် ပါတီနာယက ကယားပြည်နယ် အစိုးရ အဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးကိုးရယ်မှ အဖွင့်အမှာစကား လျှောက်ထားတင်ပြ ပါသည်။ ထို့နောက် ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်ရေးရာ တာဝန်ခံ ဦးမော်ရယ်မှ သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်း လျှောက်ထားပြီးနောက် အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံဘိဋ္ဌတု (၃)ကြိမ်ရွတ်ဆိုပြီး အခမ်းအနားကို (၁၁း၀၀) အချိန်တွင် ရုပ်သိမ်းခဲ့သည်။ ယင်းနောက် အခမ်းအနားသို့ ကြွရောက်လာသည့် သံဃာတော်များအား လှူဘွယ်ဝတ္ထုများ ကပ်လှူခြင်းနှင့် နေ့ဆွမ်း ဆက်ကပ် လှူဒါန်းခဲ့ပ

No comments:

Post a Comment

back to top