Tuesday, March 25, 2014



သမ္မတဟောင်းမော်စီအား ထောက်ခံသူ ၅၂၈ ဦး သေဒဏ်ပြစ်ဒဏ် ချမှတ်ခံရ

ရာထူးမှ ဖယ်ရှားခြင်းခံခဲ့ရသော အီဂျစ်သမ္မတဟောင်း မိုဟာမက်မော်စီအား ထောက်ခံသူ ၅၂၈ ဦးကို အီဂျစ်တရားရုံးချုပ်က သေဒဏ်ချမှတ်လိုက်ကြောင်း ယနေ့ဘီဘီစီသတင်းတွင် ဖော်ပြသည်။၎င်းတို့သည် လူသတ်မှုများကို ကျူးလွန်ခဲ့ပြီး အများပြည်သူများ၏ အသက်စည်းစိမ် အိုးအိမ်များ ဆုံးရှုံးအောင် တိုက်ခိုက်မှုများ ကျူးလွန်ခဲ့ကြသဖြင့် သေဒစ်ပြစ်ဒဏ်ချမှတ်ခံရခြင်းဖြစ်ကြောင်း တာဝန်ရှိသူများ က ပြောကြားကြသည်။ အသတ်ခံရသူများတွင် ရဲတပ်ဖွဲ့ဝင်များလည်း ပါဝင်သည်။

သမ္မတဟောင်း မော်စီအား ထောက်ခံသူ ၁၂၀၀ ကျော် ပါဝင်သော အုပ်စုမှာ တရားစွဲဆိုခြင်းခံနေရပြီး ယင်းတို့အထဲတွင် မွတ်ဆလင်ညီနောင်များအဖွဲ့မှ အထက်တန်းအဖွဲ့ဝင်များလည်း ပါဝင်သည်။
သမ္မတဟောင်း မော်စီအား အီဂျစ်စစ်ဘက်က ရာထူးမှ ဖယ်ရှားခဲ့သည့် ယမန်နှစ် ဇူလိုင်လ ကတည်းကပင် အီဂျစ် အာဏာပိုင်များသည် အစ္စလာမ္မစ်ဝါဒီများအား ကြမ်းတမ်းစွာဖြိုခွင်းခဲ့သည်။
သေဒဏ်ချမှတ်ခြင်းခံရသူများ အနေဖြင့် ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ရရေး အသနားခံတင်သွင်းကြ မည်ဟု မျှော်လင့်ရသည်။

No comments:

Post a Comment

back to top