နက္ခတ်သိပ္ပံ အကြံပြုလမ်းညွှန်
တနင်္ဂနွေဂြိုဟ် မိန်ရာသီနှင့် ဗုဒ္ဓဟူးဂြိုဟ် ကုမ်ရာသီ၌ ရပ်တည်နေပြီး အင်္ဂါဂြိုဟ် တူရာသီ၌ ဖေါက်ပြန် တည်ရှိနေမည်။ တနင်္လာဂြိုဟ် တူရာသီ၌ ရပ်တည်နေပြီး သောကြာဂြိုဟ် မကာရရာသီ၌ ရပ်တည်နေမည်။ ကြာသပတေးဂြိုဟ် မေထုန်ရာသီ၌ ရပ်တည်နေပြီး စနေဂြိုဟ် တူရာသီတွင် ဖေါက်ပြန် တည်ရှိနေပါမည်။ ရာဟုနှင့်ကိတ်ဂြိုဟ်များ တူရာသီနှင့် မိဿရာသီ၌ တည်ရှိနေမည်။ ယူရေးနပ်စ်ဂြိုဟ် မိန်ရာသီ၊ နက်ပ်ကျွန်းနှင့် ပလူတိုဂြိုဟ်များ ကုမ်နှင့်ဓနုရာသီ၌ တည်ရှိနေမည်။ တနင်္လာနှင့်အင်္ဂါ၊ ရာဟုဂြိုဟ်များ ပူးယှဉ်ပြီး တနင်္လာမှဗုဒ္ဓဟူးသို့ ၁၂၀ံအမြင် ရှိထားသည်။ စိကြနက္ခတ်စန်းယှဉ်ပြီး မိဿ၊ မေထုန်၊ ကရကဋ်၊ ကန်၊ တူ၊ ဓနု၊ မကာရနှင့် ကုမ်ရာသီဖွားများ ကံဇာတာ မြင့်မားမည်။ တနင်္ဂနွေ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ စနေနှင့် ရာဟုသားသမီးများ အရေးကြီးကိစ္စ ဆောင်ရွက်နိုင်သည်။ ရွှေလက်ဝတ်ရတနာ ၀ယ်ယူစုဆောင်းမှု၊ အရေးကြီးစာချုပ် ချုပ်ဆိုမှု၊ အနုပညာ စာပေထုတ်လုပ် မိတ်ဆက်မှု၊ ရွှေရတနာ၊ ဖက်ရှင်၊ ဓါတ်ပုံဆိုင်သစ် ဖွင့်လှစ်မှု၊ မိမိ အောင်မြင်လိုသည့် ကိစ္စများအား အကောင်အထည်ဖော်ခြင်း၊ မျက်စိခွဲစိတ် ကုသမှု၊ ထီကံစမ်းမှုများ ဆောင်ရွက်နိုင်သည်။ ကံကောင်းဂဏန်း- ၃၊ ၅၊ ၎
တနင်္ဂနွေသားသမီးများ
မှန်ကန်သည့် ဆုံးဖြတ်ယူဆချက်များဖြင့် အောင်မြင်မှု အခွင့်အလမ်းများ ပုံဖော်နိုင်မည်။
တနင်္လာသားသမီးများ
စိတ်လိုက်မာန်ပါ ဆောင်ရွက်မှုနှင့် ဒေါသတရားအား ထိန်းချုပ်သင့်ချိန်ဖြစ်သည်။
အင်္ဂါနေ့သားသမီးများ
ဘုန်းကံသြဇာ အရှိန်အ၀ါ မြင့်မား၍ ကံကောင်း အောင်မြင်မှုများ တွေ့ကြုံလာမည်။
ဗုဒ္ဓဟူးနေ့သားသမီးများ
ကံကောင်းကြီးပွားမှုများ ဆက်လက် ရယူ ပိုင်ဆိုင်ခွင့်ရှိမည့် ရွှေရောင် အချိန်ကာလဖြစ်သည်။
ကြာသာပတေးနေ့သားသမီးများ
အမည်နှင့်ဂုဏ်သတင်း ထင်ရှားကျော်ကြားပြီး ငွေကံကောင်းမည့် အခွင့်အရေးများ တွေ့ကြုံလာမည်။
သောကြာနေ့သားသမီးများ
ကျန်းမာရေးအညံ့နှင့် အတိုက်အခံ အနှောင့်အယှက် ပဋိပက္ခများ တွေ့ကြုံရင်ဆိုင်ရတတ်သည်။
စနေနေ့သားသမီးများ
ထင်ရှားကျော်ကြားမှုများ တွေ့ကြုံလာမည့် ရွှေရောင် အနာဂတ်ကာလဖြစ်သည်။
ရာဟုနေ့သားသမီးများ
ခရီးဝေးများ သွားလာရပြီး ရည်ရွယ်ကြိုးပမ်း ဆောင်ရွက်မှုများ ပြည့်ဝအောင်မြင်ချိန်ဖြစ်သည်။ | တနင်္ဂနွေသားသမီးများ ၀တ်ဆင်ရန် | အနီ၊ အပြာနု၊ အ၀ါ |
| တနင်္လာနေ့သားသမီးများ ၀တ်ဆင်ရန် | အ၀ါ၊ အဖြူ၊ အပြာနု |
| အင်္ဂါနေ့သားသမီးများ ၀တ်ဆင်ရန် | ဆင်စွယ်၊ အနီ၊ အစိမ်းနု |
| ဗုဒ္ဓဟူးနေ့သားသမီးများ ၀တ်ဆင်ရန် | ခရမ်း၊ အ၀ါ၊ အစိမ်းနု |
| ကြာသာပတေးနေ့သားသမီးများ ၀တ်ဆင်ရန် | အ၀ါ၊ အနက်၊ အစိမ်းနု |
| သောကြာသားသမီးများ ၀တ်ဆင်ရန် | အနက်၊ အစိမ်းရင့်၊ မီးခိုး |
| စနေနေ့သားသမီးများ ၀တ်ဆင်ရန် | အနက်၊ အနီ၊ အ၀ါ |
| ရာဟုနေ့သားသမီးများ ၀တ်ဆင်ရန် | အစိမ်းရင့်၊ နက်ပြာ၊ အ၀ါ |
No comments:
Post a Comment