Wednesday, March 19, 2014

ဒေ၀ါလီခံရမည့် အခြေအနေနှင့် လေဒီဂါဂါကြုံတွေ့ခဲ့ဖူးဟုဆို
လက်ရှိအချိန်၌ အမေရိကန်ဒေါ်လာသန်း ၁၉၀ ကျော် ကြွယ်ဝချမ်းသာသည့် နာမည်ကြီး အဆိုတော် လေဒီဂါဂါက ဒေ၀ါလီခံရမည့် အခြေအနေမျိုးနှင့် ကြုံတွေ့ခဲ့ရဖူးသည်ဟု ပြောကြားခဲ့ကြောင်း နယူးယောက်တိုင်းမ် သတင်းစာက ယနေ့ဖော်ပြသည်။ လေဒီဂါဂါသည် ၎င်း၏ဘ၀အကြောင်းများကို ကိုယ်တိုင်ပြောကြားသည့် ရုပ်ုသံအစီအစဉ်တစ်ခုတွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး Bad Romance စီးရီးအောင်မြင်သွားခဲ့ခြင်းကြောင့်သာ ဒေ၀ါလီ ခံရမည့်အရေးမှ လွတ်ကင်းခဲ့ခြင်းဖြစ် သည်ဟု ပြောကြား ခဲ့ခြင်းဖြစ်သည်။
လေဒီဂါဂါက ၎င်းရင်ဆိုင် ခဲ့ရသော အခြေအနေများနှင့် ပတ်သက်၍ “၂၀၀၉ ခုနှစ်တုန်းက ဘ၀ အပြောင်းအလဲဖြစ်သွားနိုင်တဲ့ အခြေအနေတစ်ရပ်ကို ကြုံခဲ့ရပါတယ်။ အဲဒီအချိန်တုန်းက ကျွန်မရဲ့ ဘဏ်စာရင်းထဲမှာ အမေရိကန်ဒေါ်လာ သုံးသန်းပဲရှိပါတယ်။ အဲဒီ့ပိုက်ဆံတွေကိုလဲ စတိတ်ရှိုးတစ်ခု လုပ်ဖို့အတွက် အသုံးပြုပြီးသားဖြစ်နေပါတယ်။ အဲဒီ့အခြေအနေတွေကို သိတဲ့ကျွန်မရဲ့အဖေက အိမ်ပြန် လာတိုင်း ပြောတဲ့စကားတစ်ခုကို အခုအချိန်ထိ သတိရမိပါတယ်။ အဖေက အိမ်ပြန်လာတိုင်း လူမွဲစာရင်း အသွင်းခံရမယ့် အခြေအနေမျိုးကို ဘာလို့လုပ်သလဲဆိုတာ ငါလုံး နားမလည်ဘူးလို့ ပြော ခဲ့တာပါ။ ဒါပေမယ့် ကျွန်မကံကောင်းခဲ့ပါတယ်။ Bad Romance စီးရီးက ကျွန်မမျှော်လင့်ထားတာထက် ပိုအောင်မြင်သွားခဲ့လို့ပါ။  အဲ့ဒီစီးရီးသာ မအောင်မြင်ခဲ့ဘူးဆိုရင် လေဒီဂါဂါဆိုတာ ရှိလာမှာမဟုတ်ပါဘူး။ ဘ၀မှာ အမှားအယွင်းတွေကြုံခဲ့ဖူးပေမယ့် ကိုယ့်မှာရှိတဲ့ပိုက်ဆံအားလုံးကို အဆိုတော်ဖြစ်မယ်လို့ ယုံကြည်တဲ့ ယုံကြည်ချက် တစ်ခုအတွက် ရဲရဲဝံ၀ံသုံးခဲ့တဲ့ လုပ်ရပ်အမှားတစ်ခုမဖြစ်ခဲ့ လို့သာလေဒီဂါဂါလာတာပါ” ဟုေ ပြာသည်။

No comments:

Post a Comment

back to top