Sunday, March 9, 2014



အင်တာနက်အသုံးပြုနိုင်မယ့် စတစ်တစ်မျိုး

အခုတီထွင်လိုက်တဲ့ စတစ်ဟာ ဒုတိယမျိုးဆက်ဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်နှစ်ကျော်ကလည်း ဒေါ်လာ ၉၀ တန် အင်တာနက်သုံး စတစ်တစ်မျိုးကို ထုတ်လုပ်ခဲ့ပါသေးတယ်။ ဒါပေမယ့် အခုထုတ်လုပ်ရောင်းချမယ့် စတစ် ကတော့ ရုပ်သံထွက်နှုန်းပိုမိုကောင်းမွန်တဲ့ တီဗီရှိပါက အင်တာနက် မြန်နှုန်းကို ပိုမိုကောင်းမွန်စွာ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ အင်တာနက်နဲ့ အသုံးပြုနိုင်မယ့် စတစ်ထုတ်လုပ်မှုက Roku  ရိုခူ တစ်ခု တည်း တီထွင်ထားပြီး မဟုတ်ဘဲ Google နဲ့ Apple တို့ကလည်း တီထွင်ထုတ်လုပ်ရောင်းချဖူးတယ်လို့ သိရပါတယ်။


ရိုခူက အခုထုတ်လုပ် ရောင်းချမယ့် အင်တာနက်သုံးစတစ်အကြောင်းကိုတော့ နိုင်ငံတကာ သတင်း အယ်ဒီတာက တင်ဆက် ပေးသွားမှာဖြစ်ပါတယ်။ ရိုခူက တီဗီနဲ့တိုက်ရိုက်ချိတ်ဆက်ပြီး အင်တာနက် အသုံးပြုနိုင်မယ့် Stick တစ်မျိုးကို ထုတ် လုပ်ရောင်းချတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ Roku က ထုတ်လုပ်လိုက်တဲ့ Stick  အသစ်ဟာ ရုပ်သံအရည်အသွေးစံနှုန်း resolution တစ်ထောင်ကျော်ရှိတဲ့ ဘယ်တီဗီနဲ့မဆို ချိတ်ဆက်ပြီး အင်တာ နက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အခုတီထွင်လိုက်တဲ့ အင်တာနက် တိုက်ရိုက်သုံးRoku stick နဲ့ဆို အဓိကအင်တာနက်ဝန်ဆောင်မှုတွေ ပေးနေတဲ့ Netfix, Hulu  နဲ့ Amazon စတဲ့ အင်တာနက် တိုက်ရိုက်သုံး Application တွေကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

အခုတီထွင်လိုက်တဲ့ Roku stick  ဟာ ပီကေထုတ်အရွယ်အစားရှိပြီး အမေရိကန်ဒေါ်လာ ၅၀ နဲ့ ဧပြီလမှာဝယ်ယူနိုင်မှာ ဖြစ်ပါ တယ်။Roku က အခုတီထွင်လိုက်တဲ့ Stick ဟာ HDMI Port ပါဝင်တဲ့ ဘယ်တီဗီအမျိုးအစားမှာ မဆို ချိတ်ဆက်ပြီး အင်တာနက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ လျှပ်စစ်အား အနေနဲ့ကတော့ တီဗွီကျောဘက်မှာပါဝင်တဲ့ USB ပေါက် ဒါမှမဟုတ် ပြင်ပလျှပ်စစ်အားနဲ့ ချိတ်ဆက်ပြီး တော့လည်း အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

Post a Comment

back to top