အိန္ဒိယနိုင်ငံ၏ ကိုယ်ပျောက် ဖျက်သင်္ဘောတွင် မတော်တဆ ဓာတ်ငွေ့ယိုစိမ့်မှု ဖြစ်ပွား
အိန္ဒိယနိုင်ငံတွင် ရေငုပ်သင်္ဘော
တစ်စင်း မီးလောင်မှု ဖြစ်ပွား ပြီးနောက် ရေတပ် ဦးစီးချုပ် ရေတပ် ဗိုလ်ချုပ်ကြီး
DK.Joshi ရာထူးမှ နုတ်ထွက် ခဲ့ပြီး ၁ဝ ရက်အကြာ မတ် ၇ ရက်က MazagonDocks
ကုမ္ပဏီ (MDL) သင်္ဘောကျင်း၌ ကိုယ်ပျောက် ဖျက်သင်္ဘော INS Kolkata တွင်
ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ယိုစိမ့်မှု ဖြစ်စဉ် ဖြစ်ပွားခဲ့ရာ ရေတပ်
အရာရှိကြီး Kunal Wadhwo သေဆုံးခဲ့ပြီး အခြား အမှုထမ်း နှစ်ဦး ဒဏ်ရာ
ရရှိခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။
အဆိုပါ ဖြစ်စဉ် ဖြစ်ပွားချိန်တွင်
၎င်းဖျက်သင်္ဘော၌ လက်နက် ခဲယမ်းများ တင်ဆောင် ထားခြင်း မရှိကြောင်းနှင့် စုံစမ်း
စစ်ဆေးရေး ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ပြုလုပ်လျက် ရှိကြောင်း ရေတပ်
တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ ကိုယ်ပျောက် ဖျက်သင်္ဘော INS Kolkata ကို ၂ဝဝဝ
ပြည့်နှစ်တွင် ရေတပ်၏ ခွင့်ပြုမိန့်ဖြင့် MDL က တာဝန်ယူ တည်ဆောက် ခဲ့ခြင်း
ဖြစ်ကြောင်း၊ တည်ဆောက်မှု လုပ်ငန်းစဉ်ကို ၂ဝဝ၃ ခုနှစ်တွင် စတင်ခဲ့ပြီး ၂ဝဝ၆
ခုနှစ်တွင် ရေချခဲ့ကြောင်းနှင့် အိန္ဒိယ ရေတပ်အနေဖြင့် ၎င်း၏သင်္ဘောကျင်း များ၌
ကိုယ်ပျောက် ဖျက်သင်္ဘော သုံးစင်း တည်ဆောက်သွားရန ရည်မှန်း ထားကြောင်း သိရသည်။
အဆိုပါ မတော်တဆမှု
ဖြစ်စဉ်ဖြစ်ပွားချိန်တွင် Kolkata ဖျက်သင်္ဘောသည် ပင်လယ်ပြင် စမ်းသပ် စစ်ဆေးသည့်
အခြေအနေတွင် ရှိနေသေးကြောင်း၊ ၎င်း ဖျက်သင်္ဘောတွင် Brah Mos ခရုဇ်ဒုံးကျည်နှင့်
အစ္စရေးလုပ် Barak လေကြောင်းရန် ကာကွယ်ရေးစနစ်တို့ တပ်ဆင် အသုံးပြု
နိုင်စွမ်း ရှိကြောင်း သိရသည်။
No comments:
Post a Comment