Monday, December 8, 2014

လဆီသို့ခြေချနိုင်ရန် တန် ၁၃၀ တင်ဆောင်နိုင်သည့်ဒုံးပျံ တရုတ်တီထွင်နေ

တရုတ်အစိုးရသည် ၎င်း၏ လဆီသို့ လူလိုက်ပါသည့် ပထမဆုံး အာကာသစီမံကိန်းအတွက် အသုံးပြုနိုင်ရန် အလွန်ကြီးမားသည့် ဒုံးပျံတစ်မျိုးကို တီထွင် ထုတ်လုပ်နေကြောင်း နိုင်ငံပိုင်မီဒီယာ က တနင်္လာနေ့တွင်  ထုတ်ပြန် သည်။
အဆိုပါဒုံးပျံမှာ လူလိုက်ပါသည့် လသွားအာကာသယာဉ်ကို ပစ်လွှတ်ရန်ဖြစ်ကာ Long March-9 ဟု အမည်ပေးထားပြီး ၂၀၂၈ ခုနှစ်တွင် စတင်ပစ်လွှတ် နိုင်မည်ဖြစ်ကြောင်း ချိုင်းနား ဒေးလ်လီးသတင်းက ဆိုသည်။
ဒုံးပျံမှာ လက်ရှိတွင် သုတေသန အဆင့်သာရှိသေးပြီး ပစ်လွှတ်ပါက တန်ချိန် ၁၃၀ တင်ဆောင်နိုင်ရာ နာဆာက ၎င်း၏အာကာသယာဉ် ပစ်လွှတ်ရေး အတွက် ထုတ်လုပ်ရန် ရည်ရွယ်ထားသည့် တန်ချိန် ၇၀ အထိ တင်ဆောင်နိုင်သော ဒုံးပျံထက် နှစ်ဆနီးပါးကြီးမားမည် ဖြစ်သည်။

နာဆာမှာလည်း ၂၀၁၈ တွင်ထိုဒုံးပျံကိုပစ်လွှတ်နိုင်ရန် မျှော်မှန်းထားသည်။ ‘‘ကျွန်တော်တို့ရဲ့ လက်ရှိ ပစ်လွှတ်နေတဲ့ ဒုံးပျံတွေက Long March-5 အပါအဝင် အားလုံးဟာ နိုင်ငံရဲ့ လာမယ့်ဆယ်နှစ်အတွင်း အာကာသစီမံကိန်းတွေကို ဖော်ဆောင်နိုင်စွမ်းတော့ ရှိပါ တယ်။ ဒါပေမဲ့ ဒီထက်ပိုတဲ့ ကာလရှည် စီမံကိန်းအလုပ်တွေ အတွက်တော့ အဲဒီဒုံးပျံတွေရဲ့ စွမ်းဆောင်ရည်က မလုံလောက် ပါဘူး’’ဟု တရုတ်အာကာသယာဉ် ပစ်လွှတ်ရေးနည်းပညာ အကယ်ဒမီ၏ လေကြောင်း အာကာသ ထုတ်ကုန်ဌာနအကြီးအကဲ လီတန်ယုက ပြောသည်။
တရုတ်စစ်တပ်က ဦးဆောင်လုပ်ကိုင်နေသည့် အာကာသစီမံကိန်းတွင် လဂြိုဟ်ပတ်လမ်းသို့ ၂၀၂၀ တွင် အာကာသယာဉ် လွှတ်တင်ရန်နှင့် ထိုမှ လူသား အာကာသ ယာဉ်မှူးတစ်ဦးကို လပေါ် ခြေချစေနိုင်ရန် စီစဉ်ထားသည်။ တရုတ်နိုင်ငံသည် လက်ရှိတွင် လမျက်နှာပြင်၌ Jade Rabbit ခေါ် စူးစမ်းရေးယာဉ်တစ်စီး လွှတ်တင်ထား ပြီးဖြစ်သည်။
ထိုယာဉ်ကို ယမန်နှစ်က ချန်းဂီး-၃ လသွားခရီးစဉ်ဖြင့် အောင်မြင်စွာ လပေါ်သို့ ပို့ဆောင်နိုင်ခဲ့သော်လည်း ယာဉ်မှာ စက်ပိုင်းချို့ယွင်းခဲ့ပြီး လပေါ်တွင် ဆက် ရှိနေ ခြင်းဖြစ်သည်။     

No comments:

Post a Comment

back to top