တရုတ်ဝန်ကြီးချုပ်လီခဲ့ကျင်းနှင့် ရုရှားဝန်ကြီးချုပ် ဒီမီထရီမက်ဗီဒက်ချုပ်တို့ တွေ့ဆုံ

ရုရှားနိုင်ငံသို့ အလည်အပတ် ရောက်ရှိခဲ့သည့် တရုတ်ဝန်ကြီးချုပ် လီခဲ့ကျင်းသည် ရုရှားဝန်ကြီးချုပ် ဒီမီထရီ မက်ဗီဒက် (Dmitry Medvedev)၊ ရုရှားဖက်ဒရေးရှင်း ကောင်စီဥက္ကဌ ဗယ်လင်တီနာမတ်ဗီရန်ကို (Valentina Matviyenko)တို့နှင့် မော်စကိုမှာ တွေ့ဆုံခဲ့ပါသည်။
နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေး ပိုမိုခိုင်မြဲ လာစေမယ့် နည်းလမ်းတွေကို ရှာဖွေဖို့အတွက် ယခုကဲ့ သို့ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေးသည် ပိုမိုခိုင်မာ၊ တည်မြဲပြီး၊ ကာလကြာရှည်တဲ့ သံတမန် ဆက်ဆံရေး ဖြစ်တယ် ဆိုတာကို မကြာခဏ ဆိုသလို တွေ့ဆုံနေကြတဲ့ တရုတ်-ရုရှား ခေါင်း ဆောင်တွေရဲ့ တွေ့ဆုံဆွေးနွေးပွဲတွေက သက်သေပြ နေတယ်လို့ တွေ့ဆုံပွဲအတွင်း တရုတ်ဝန်ကြီး ချုပ်လီက ပြောကြားခဲ့ပါသည်။ တရုတ်နိုင်ငံအနေနဲ့ ရုရှားနိုင်ငံနှင့်အတူ မိုင်းတွင်း၊ ဓါတုစက်မှု လုပ်ငန်း၊ စိုက်ပျိုးရေး၊ အခြေခံ အဆောက်အဦအစရှိတဲ့ လုပ်ငန်းတွေရဲ့ ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ အခန်းကဏ္ဍတွေမှာ ပိုမိုတိုးမြှင့် ဆောင်ရွက်သွားလိုတယ်လို့ လီက ပြောကြားခဲ့ပါတယ်။ ယမန် နှစ်က နှစ်နိုင်ငံကုန်သွယ်မှုဆိုင်ရာ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ (၈၉.၂)ဘီလီယံ ရှိခဲ့ပြီး၊ လာမယ့် (၂၀၁၅)ခုနှစ် မှာတော့ နှစ်နိုင်ငံကုန်သွယ်မှု တန်ဖိုးကို (၁၀၀)ဘီလီယံအထိ ရောက်ရှိနိုင်ဖို့ မျှော်မှန်း ထားကြောင်း သိရှိရပါသည်။ စည်းဝေးပွဲ အပြီးမှာတော့ သဘောတူစာချုပ် (၄၀)ခန့်မှာ လက်မှတ် ရေးထိုးမှု တွေကို ၀န်ကြီးချုပ် နှစ်ဦး၏ ရှေ့မှောက်မှာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ နှစ်နိုင်ငံစလုံးဟာ ကမ္ဘာပေါ်မှာ ၀ိရောဓိ အခြေအနေများနှင့် ရပ်တည်နေကြတဲ့ နိုင်ငံတွေဖြစ်ကာ၊ နိုင်ငံတကာ ဆက်ဆံရေးတွေမှာ ဒီမိုကရေစီ လမ်းစဉ်ကို လက်ခံကျင့်သုံးသည့် နိုင်ငံတွေဖြစ်ပြီး၊ ကမ္ဘာ့ငြိမ်းချမ်း ရေးနဲ့ တည်ငြိမ်ရေးတွေမှာ အရေးပါတဲ့ နိုင်ငံတွေလည်း ဖြစ်တယ်လို့ ရုရှားဖက်ဒရေးရှင်း ကောင်စီဥက္ကဌ ဗယ်လင်တီနာမတ်ဗီရန်ကို (Valentina Matviyenko)က ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းမှာ ဖော်ပြပါရှိသည်။
No comments:
Post a Comment