Thursday, October 2, 2014

ပရိသတ် သုံးရာနဲ့ ဖြူဖြူကျော်သိန်းရဲ့ တစ်ကိုယ်တော်ပွဲ

ငါးကြိမ်မြောက်ပြုလုပ် မည့်ဖျော်ဖြေပွဲကို Love Of Musical ဟုအမည်ပေးထားသော ကြောင့်ဖျော်ဖြေနေကျ   သီချင်း များအပါအ၀င် ဂီတပြဇာတ်ပုံစံသီ ချင်းများသီဆိုသွားမည်ဖြစ် ကြောင်း ဖြူဖြူကျော်သိန်းကပြော သည်။ ‘‘Musicalလို့ခေါင်းစဉ်တပ် ထားတဲ့အတွက် Musicalထဲက သီချင်းကသုံးပုံတစ်ပုံပါမယ်။ ကျန်တဲ့သီချင်းတွေကတော့ ဖြူ ဖြူကျော်သိန်းစင်ပေါ်တက်လာ ပြီးဒါမဆိုရင် မဆင်းရဘူးဆိုတဲ့သီ ချင်းတွေပါမယ်။ မိန်းကလေးတစ် ယောက်အသည်းကွဲနေသည်ထဲက ချယ်ရီလမ်းလို သီချင်း၊နာမည် ကျန်နေရစ်မယ်ထဲကအခုတစ် လောပရိသတ်အရမ်းစိတ်ဝင်စား နေတဲ့ အမ်စတာဒမ်မှာဆိုခဲ့တဲ့စစ် ဆိုတဲ့ သီချင်းလေးပါမယ်’’ဟုဖျော် ဖြေပွဲတွင် သီဆိုမည့်သီချင်းများ နှင့် ပတ်သက်၍ ဖြူဖြူကျော်သိန်း ကပြောသည်။
ထို့အပြင်  ဖျော်ဖြေပွဲနှင့် လိုက်ဖက်မှုရှိသည့်သီချင်းများကို ရွေးချယ်သီဆိုပေးသွားမည်ဖြစ် ပြီး ဖျော်ဖြေပွဲအတွင်းဝင်ရောက် သည့်အချိန်ကတည်းက ဂီတပြ ဇာတ်ကြည့်ရန် ဇာတ်ရုံထဲသို့ဝင် လာသည့် ခံစားမှုရစေရန်အပြင် အဆင်ပိုင်းကို ဖန်တီးပေးထား မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ ထို့အပြင်ဖျော်ဖြေပွဲခန်းမအ တွင်း ၎င်း၏ဂီတသက်တမ်းတစ် လျှောက် ပရိသတ်များသတိပြုမိ ခဲ့သည့် ၀တ်စုံများနှင့်လည်း အ မှတ်တရဓာတ်ပုံရိုက်ကူးနိုင်ရန်စီ စဉ်ပေးထားမည်ဟု ဖြူဖြူကျော် သိန်းကပြောသည်။ နိုဝင်ဘာ ၁ရက်တွင် ကမ်း နားလမ်းရှိ Strandဟိုတယ်၌ ပြု လုပ်မည်ဖြစ်ပြီးဖျော်ဖြေပွဲလက်မှတ်များကိုကျပ်သုံးသိန်း၊နှစ်သိန်းနှင့် တစ်သိန်းခွဲသတ်မှတ်ထားကာ လက်မှတ်စောင်ရေသုံးရာသာ ရောင်းချပေးမည်ဖြစ်သည်။ ‘‘လက်မှတ်အစောင်ရေသုံး ရာဆိုပေမယ့် ခုံတန်းက ၁၂တန်း ပဲရှိပါတယ်။ အဲဒီတော့ Home Theatreထဲမှာ မိသားစုတွေအတူ တူ ဖြူဖြူကျော်သိန်းသီချင်းတိုက် တာကြည့်နေရသလို ရင်းရင်းနှီး နှီးနွေးနွေးထွေးထွေးတွေ့ဆုံနိုင် မှာပါ။ ပရိသတ်ရာဂဏန်းပေမယ့် သိန်းသောင်းချီ ပရိသတ်တွေရှေ့ မှာ သီဆိုသလို အလုပ်မျိုးခွန်အား မျိုးနဲ့ ဖျော်ဖြေပေးမှာပါ’’ဟု ၎င်း ကပြောသည်။ ဖျော်ဖြေပွဲမကျင်းပမီ ကော့ တေးပါတီပွဲ   ပြုလုပ်ပေးမည် ဖြစ်ပြီး ယင်းပါတီကို ညနေ ၆နာရီ တွင်စတင်မည်ဖြစ်ကာ ဖျော်ဖြေ ပွဲကို  ည ၈နာရီမှ ၁၀နာရီအထိ ဖျော်ဖြေပေးမည်ဖြစ်သည်။

No comments:

Post a Comment

back to top