ဘရာဇီး သမ္မတ ရွေးကောက် ပွဲတွင် ရူးဆက်ဖ်နှင့် နိဗက်စ် တို့ ထပ်မံ ယှဉ်ပြိုင် မည်
ဘရာဇီးနိုင်ငံ၏ အောက်တိုဘာ ၂၆ ရက်တွင် ထပ်မံကျင်းပမည့် သမ္မတ ရွေးကောက်ပွဲတွင် လက်ရှိသမ္မတ ဒီမာရူးဆက်ဖ်နှင့် သူမ၏ပြိုင်ဘက် အီစီအိုနိဗက်စ် တို့နှစ်ဦး ထိပ်တိုက် ယှဉ်ပြိုင်ရဖွယ်ရှိကြောင်း ကနဦး ကောက်ယူရရှိသော စာရင်းဇယားများအရ သိရသည်။ ကနဦး ကောက်ယူရရှိသော စာရင်းဇယားများအရ ရူးဆက်ဖ်သည် ရွေးကောက်ပွဲ၌ ထောက်ခံမဲ ၄၁ ဒသမ ၃၅ ရာခိုင်နှုန်းဖြင့် ရှေ့မှဦးဆောင်နေပြီး နိဗက်စ်မှာ ထောက်ခံမဲ ၃၃ ဒသမ ၈၂ ရာခိုင်နှုန်းဖြင့် ဒုတိယနေရာတွင် ဦးဆောင်နေ ကြောင်း G 1 ဝက်ဘ်ဆိုက်၏ ဖော်ပြချက်အရ သိရသည်။
ဘရာဇီးနိုင်ငံ၏ ပထမဆုံး အမျိုးသမီး သမ္မတ ဖြစ်လာသော ရူးဆက်ဖ်သည် နိုင်ငံ၏ စီးပွားရေးနှင့် ထုတ်ကုန် ကဏ္ဍ တိုးမြှင့်မှုများကို အစွမ်းကုန် လုပ်ဆောင်လျက်ရှိပြီး နိုင်ငံအတွင်း ဆင်းရဲမှုပပျောက်စေရန် လူမှုရေး လုပ်ငန်းများကိုလည်း ကြိုးပမ်း လုပ်ဆောင် လျက်ရှိကြောင်း သိရသည်။ ထို့အတူ ရူးဆက်ဖ်၏ ပြိုင်ဘက်ဖြစ်သူ နိဗက်စ်သည် စီးပွား ရေး ကျဆင်းလျက်ရှိသော ဘရာဇီးနိုင်ငံ၏ အခြေအနေကို ပြန်လည်နာလန် ထူလာစေရန် ကြိုးပမ်း လုပ်ဆောင် လျက် ရှိကြောင်း သိရသည်။
No comments:
Post a Comment