ပျဉ်းမနားမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်နှင့် ရပ်/ကျေး ပုံမှန်လပတ်ညှိနှိုင်းစည်းဝေး
***********************************************************
ပျဉ်းမနားမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်နှင့် ရပ်/ကျေး ပုံမှန်လပတ် ညှိနှိုင်းအစည်းအဝေး (၉/၂၀၁၄)နှင့် စည်းရုံးရေးစွမ်းဆောင်ဆုများ ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနား ကို (၉-၉-၂၀၁၄) ရက်နေ့ နံနက် (၀၉း၀၀)နာရီအချိန်က မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ ကျင်းပပြုလုပ် ခဲ့သည်။
အခမ်းအနားသို့ အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက် စိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်သူတို့၏ တိုင်ကြားစာရေးရာကော်မတီ အတွင်းရေးမှူး ပြည်ထောင်စုနယ်မြေကော်မတီဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမှတ်ကြီး၊ ခရိုင်ကော် မတီဝင် ဦးသိန်းဇော်၊ မြို့နယ်အတွင်းရေးမှူး ဒေါ်ဝင်းဝင်းသီ၊ မြို့နယ်ကော်မတီဝင်များ၊ ရပ်ကျေး စည်းရုံးရေးမှူးများနှင့်ကော်မတီဝင်များ စုစုပေါင်းအင်အား (၉၀)ခန့် တက်ရောက်ခဲ့ပါသည်။
No comments:
Post a Comment