Tuesday, September 9, 2014

ကားရိုက်တွေကို ပုံမှန်ပဲ လက်ခံဖြစ်တာကြောင့် ကားရိုက်နည်း တယ်လို့ ထင်ကြတာပါလို့ဆိုတဲ့ ယုသန္တတင်

ပျိုးခင်းထဲက ပျိုးထောင်ပေးလိုက်တဲ့ ပန်း၃ ပွင့်ထဲက တစ်ပွင့်ဖြစ်တဲ့  ယုသန္တာတင်ဟာ ၃ ယောက်ထဲမှာ ကားရိုက်အနည်းဆုံးလို့ပရိသတ်တွေ ထင်ကြေးပေးကြတဲ့ မင်းသမီးတစ်လက်ပါပဲ။ ခုလတ်တလောမှာတော့ သူမဟာ ဦးရဲ့ဆူး ဆိုတဲ့ ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်နေတယ်လို့ သိရပြီး မင်းသားကတော့ လူမင်းပါတဲ့။  သူမနဲ့တွေ့ဆုံခိုက် ကာရိုက်တာရွေးချယ်မှုနဲ့ အပြင်တိုက်တွေနဲ့ လက်တွဲရိုက်ကူးမှုတွေ ရှိမရှိမေးကြည့်လိုက်တဲ့အခါ “ဇာတ်လာသမျှက ယုကိုဆို ဒရာမာများတယ်။
ဖန်စီလေးတွေလဲ ရှိတော့ ရှိတယ်။ နည်းနည်းပေါ့။ ဇာတ်အငြိမ်လေးတွေ များတယ်။ ဇာတ်လာသမျှက ကိုယ်နဲ့လိုက်ဖက်မယ်ထင်တဲ့ ဇာတ်တွေကြီးပဲဆိုတော့ သိပ်ပြီး ရွေးချယ်စရာတော့ မရှိသေးပါဘူး။ တစ်ကားနဲ့တစ်ကားလဲ ကာရိုက်တာ မထပ်သေးဘူးဆိုတော့လေ။ စာချုပ်က ပြည့်သွားပြီ။ ယုက အခုပျိုးခင်းထဲက မင်းသားတွေနဲ့ ဆက်ရိုက်ဖြစ်နေတုန်းပေါ့နော်။ အပြင်တိုက်တွေက ကမ်းလှမ်းထားတာတော့ ရှိတယ်။ ဒါပေမဲ့ လောလောဆယ်တော့ မရိုက်ရသေးဘူး။ ပြောထားတာတွေ တော့ရှိပါတယ်။ ခုစာချုပ်ပြည့်သွား တယ်ဆိုတော့ အလွတ်ရိုက်နေတာပါ”လို့ သူမက ပြောပါတယ်။
 ပျိုးခင်းက တက်လာတဲ့ အနုပညာရှင်သုံးယောက်ထဲမှာ ဇာတ်ကားရိုက်ကူးမှု နည်းရခြင်းနဲ့ ပတ်သတ်ပြီး တော့ သူမက “ညီမက ကားရိုက်ကြီးပဲသိပ်ဦးစားမပေးဘူး။ ကြော်ငြာတွေလဲ လက်ခံ ရိုက်ကူးဖြစ်တော့လေ။ ကားရိုက်ကိုပုံမှန်ပဲသွားပါတယ်။ နောက်ပြီး ကြော်ငြာရိုက်တယ်။ နှစ်ခုစလုံး ကိုမျှပြီးတော့ လုပ်ဖြစ်ပါတယ်” ဟု သူမကပြောသည်။

No comments:

Post a Comment

back to top