Tuesday, September 9, 2014

အကယ်ဒမီ ဆုကို စိတ်ကူးယဉ် အိပ်မက် မက်ခဲ့ဖူးသူ ဟန်သီ


ငယ်စဉ် ကတည်းက အကယ်ဒမီပွဲကို နှစ်စဉ် တက်ရောက်ခဲ့ပြီး အကယ်ဒမီဆုကို  ရရှိခဲ့လျှင် ဆိုသော  အိပ်မက်မက်ပြီး စိတ်ကူးယဉ်ခဲ့ ဖူးပါတယ်လို့ ဟန်သီက ယခုလို ပြောပြခဲ့သည်။ ''ငယ်ငယ်ကတည်းက တစ်နှစ်မှ မပျက်ဘူး။ အကယ်ဒမီပွဲကို သွားပြီး ကြည့်ခဲ့တာ။ မင်းသား၊ မင်းသမီးတွေ အကယ်ဒမီဆုရရင် ဟန်သီရဲ့ စိတ်ထဲမှာလည်း တစ်နေ့ကျရင် အဲဒီလို  အကယ်ဒမီ ဆုကြီး ရရင် ကောင်းမှာပဲလို့ တွေးခဲ့ဖူးတယ်။ ရလည်း ရချင်တယ်။  အခု လောလောဆယ်မှာတော့ ပြိုင်ပွဲတွေနဲ့ ဆိုတော့ အဆင် မပြေသေးဘူးပေါ့။ ပြီးတော့  ဟန်သီက ဗီစီဒီ၊ ကြော်ငြာတွေမှာပဲ သရုပ်ဆောင် ဖူးတာ။  အဲဒီလိုမျိုး ရုပ်ရှင်ရိုက်တာ ကိုလည်း အရမ်း ရိုက်ကြည့် ချင်တယ်။ သူငယ်ချင်းတွေ ကလည်း ပြောတယ်။ ရုပ်ရှင်ရိုက်တာက  လူအများကြီးနဲ့ ရိုက်ရတာ ပျော်ဖို့ လည်း ကောင်းတယ်။ ပင်လည်း ပင်ပန်းတယ်လို့ ပြောကြ တယ်။ ဒါပေမဲ့ ဟန်သီကတော့ ရုပ်ရှင်ကားတွေကို ရိုက်ကြည့် ချင်တယ်။ အဲဒီအတွက်လည်း ကြိုးစား သွားမှာ ပါ''ဟုသူမ က ပြောပြခဲ့သည်။



ယခုလက်ရှိ ပိုလန်နိုင်ငံ၌ ကျင်းပမည့် Miss Supranational 2014 အတွက် ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း ကိုလည်း ယခုလို ပြောပြခဲ့သည်။ ''ပြိုင်ပွဲကြီးပြိုင်ဖို့ ရက်ကလည်း တဖြည်းဖြည်း ရောက်လာ တော့မယ်။ ဟန်သီဘက်က အကောင်းဆုံး ကြိုးစား ယှဉ်ပြိုင်မှာပါ။ ဆရာတို့ ဘက်ကလည်း ဟန်သီတို့ကို  အစစအရာရာ အားလုံး သင်ကြား ပေးတယ်လေ။ ဒါကြောင့်လည်း ဟန်သီတို့ ဘက်က  အကောင်းဆုံး ကြိုးစား နေပါတယ်။Miss တစ်ယောက် အတွက် အရမ်းကို တာဝန်ကြီးသွားပြီလေ။ မော်ဒယ်လ် တစ်ယောက်က Brand တစ်ခုကိုပဲ ကိုယ်စားပြု ရတာလေ။ အလှမယ်ကတော့ နိုင်ငံကို ကိုယ်စားပြုရတယ်။ ဟိုမှာ သွားရောက် ယှဉ်ပြိုင်တဲ့ အခါမှာလည်း မြန်မာနိုင်ငံ စလွယ်ကို လွယ်ထားရမှာ ဖြစ်တဲ့ အတွက် အနေ အထိုင် အသွား အလာက အစ ဂရုပြု နေထိုင် ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဟန်သီအနေနဲ့ အကောင်းဆုံး ကြိုးစားပြီး လေ့လာ သင်ယူ ယှဉ်ပြိုင် သွားမှာပါ။ ပရိသတ်တွေ ကလည်းဟန်သီ ရှေ့ဆက် လျှောက်လှမ်း သွားမယ့် အနုပညာ ခရီးလမ်း တွေကိုလည်း အားပေး ကြပါဦးလို့ ပြောချင်ပါတယ်''ဟု ဆိုသည်။   ။

No comments:

Post a Comment

back to top