Tuesday, September 30, 2014

၂၀၁၅ တွင် လူဦးရေ ( ၅ ) သိန်းကျော်ထိ အီဘိုလာရောဂါပိုး ကူးစက်နိုင်



အီဘိုလာရောဂါကို ဟန့်တားထိန်းချုပ်မှု မပြုလုပ်နိုင်ပါက ၂၀၁၅ ခုနှစ် ဇန်နဝါရီလလောက်တွင် အနောက် အာဖရိကတွင် နေထိုင်သူ ၅ သိန်းမှ ၁ ဒဿမ ၄ သန်းကြားအထိ ရောဂါးကူးစက်နိုင်ဖွယ်ရှိကြောင်း အမေရိကန်နိုင်ငံမှ သုတေသနပညာရှင်များက သုံးသပ်ကြကြောင်းသိရပါသည်။

 Liberia နှင့် Sierra Leone စသည့် တိုင်းပြည်များတွင် ရောဂါဖြစ်ပွားနှုန်းသည် ရက်သတ္တပတ် အနည်းငယ်အတွင်းတွင် နှစ်ဆ တိုးလာကြောင်း၊ WHO က တွက်ချက်ထားသည် ရောဂါဖြစ်ပွားမှုနှုန်းသည် လက်တွေ့ဖြစ်ပွားနေသည့် ရောဂါကူစက်နှုန်းထက် လျော့နည်းနေသည်ဟု အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေး ဗဟိုဌာန CDC က ခန့်မှန်းပြောကြားခဲ့ကြောင်းသိရပါသည်။ ရောဂါကူးစက်ပြန့်ပွားနေသည့် ဒေသများသို့ အမေရိကန် အကူပေးရေးတပ်ဖွဲ့ဝင်များ (၃၀၀၀)ခန့်စေလွှတ်မည်ဖြစ်ပြီး ရောဂါကုသမှုဆိုင်ရာ အဆောက်အဦးမျာလည်းဆောက်လုပ်ပေးမည်ဖြစ်ကြောင်းသိရပါသည်။ ရောဂါခံစားနေရသူ(၇၀)ရာခိုင်နှုန်းကို လုံခြုံမှုရှိသည့် အဆောက်အဦးများတွင်ထားရှိပြီး ကုသမှသာလျှင် ထိုကပ်ရောဂါကို ထိန်းချုပ်နိုင်လိမ့် မည်ဖြစ်ကြောင်း CDC ကပြောကြားခဲ့သည်ဟု သိရှိရပါသည်။



No comments:

Post a Comment

back to top