Tuesday, August 5, 2014

ချစ်သူတစ်ယောက်တည်း ထားပေမယ့် ခံစားချက်တော့မျိုးစုံပဲ လို့ပြောပြလာတဲ့ Bobby Soxer

ဒုံးပျံအခွေနဲ့ ပရိသတ်အားပေးမှုကို တခဲနက်ရရှိခဲ့တဲ့ Bobby Soxer ထက်ထက်ဟာ ခုတစ်ခါတော့ တစ်ကိုယ်တော်ခွေအတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။အောက်တိုဘာလမှာ ထွက်ရှိဖို့ ပြင်ဆင်နေ တဲ့ တစ်ကိုယ်တော်ခွေအကြောင်းရော သူ့လတ်တလော လှုပ်ရှားမှုအကြောင်း သူနဲ့တွေ့ဆုံ ခိုက် မေးမြန်းဖြစ် တဲ့အခါ “ခုက မိုးနည်းနည်းပါးပြီဆိုတော့ နယ်ရှိုးတွေဖြေးဖြေး ချင်း ပြန်သွားဖြစ်တယ်။ ရန်ကုန်မှာတော့ ဓာတ်ပုံရိုက်ကြော်ငြာရိုက်လောက်ပဲ။ နောက် ကိုဘိုစန်းတို့ရဲ့ Bo Bo Music Production ၃ နှစ်ပြည့် ထဲမှာပါတဲ့ အတွဲသီချင်းလေး အမ်တီဗီရိုက်ထားတာ ထွက်ဖို့ရှိ တယ်။ နောက်ပြီးအောက်တို ဘာလောက်မှာထွက်မဲ့ ထက်ထက်ရဲ့ တစ်ကိုယ်တော်ခွေအတွက် သီချင်း လုပ်နေ တယ်။ ၅၀ ရာခိုင်နှုန်းလောက်တော့ပြီးပြီ။ သီချင်းက အကြမ်းထည်ပဲပြီးသေးတယ်။ အချောတော့ မကိုင်ရသေးဘူးပေါ့။ featuring က ကိုလွှမ်းပိုင်ပါတယ်။ ကျန်တာကတော့ မသေချာသေးဘူး။ ဒီတစ်ခေါက်ကတော့ အချစ်သီချင်းတွေပါမယ်။ အမြူးဆိုရင်လဲ စိတ်ကိုပျော်စေမဲ့ ဟာမျိုး၊တီးလုံး ကအစ သေချာတိုင်ပင်ပြီး လုပ်နေပါတယ်။ အဓိကကတော့ ထက်ထက်ဆိုနေကျပုံစံပါပဲ။ တီးလုံးပိုင်းကို ပိုပြီးဆန်းသစ်အောင် လုပ်နေတယ်။တေးရေးတွေက ထက်ထက်ဆိုတာတွေက ထက်ထက်ရေးတယ်။ ဘန်နီတို့ကိုလဲ ရေးခိုင်း ထားတယ်။ လာမပေးသေးဘူး။”လို့ သူမက ပြောပါတယ်။
Bo Bo Entertainment က စီစဉ်တင်ဆက်သွားမယ့် ဇာတ်ကားမှာ သူမ ပါဝင်ရိုက်ကူးရမယ့် အကြောင်းကိုတော့ သူမက “ကိုဘိုစန်းတို့နဲ့ ရိုက်မဲ့ဇာတ်ကားက သေချာတော့  မသိရသေးဘူး။ အကြမ်းဖျင်း ပြောထား တာပဲရှိသေးတယ်။ ဇာတ်ကို အတိအကျ မသိရသေးဘူး။ ထက်ထက်က အမ်တီဗီရိုက်တာတော့ အရမ်းဝါသနာပါတယ်။ ရုပ်ရှင်တို့ဗီဒီယိုတို့ကျတော့ ပရော်ဖက်ရှင်နယ် တစ်ယောက်လဲ မဟုတ်တဲ့တွက် ခက်ခဲမယ်။ ဒီဟာကိုလက်ခံတာကလဲ ကိုဘိုစန်းက ပရိုဂျူဆာဖြစ်နေ တာကြောင့်ရယ်၊ သူငယ်ချင်းတွေနဲ့ ရိုက်တာကြောင့်မို့လို့လက်ခံဖြစ်တာပါ။ ဒါရိုက်တာကလဲ ကိုထက်ဆိုတော့ လက်ခံဖြစ်တာ ပါ။ နောက်လုပ်ဖို့က ကိုယ်လုပ်နိုင်မလုပ်နိုင်လဲ ရှိသေးတာပေါ့”တဲ့။ သူမရဲ့အချစ်ရေးနဲ့ ပတ်သတ်ပြီးတော့လည်း “အချစ်ရေးက ဘာမှထွေထွေးထူးထူး မရှိပါဘူး။ ဒီအတိုင်းပါပဲ။ ချစ်သူသက်တမ်း ကိုတော့ မဖြေတော့ပါဘူး”လို့ပြောပြီးမှ သူမရဲ့အချစ်နဲ့ ပတ်သတ်တဲ့ စိတ်ခံစားချက်ကိုခုလို ထပ်ပြီး ဖွင့်ဟသွားပါတယ်။ “အချစ်ဆိုတာ ပူလောင် တယ်၊ အေးမြ တယ်။မရှိပါဘူး။ ကိုယ့်ရည်းစားပေါ်မှာ မူတည် တာပေါ့နော်။ မျိုးစုံပဲ။ ထက်ထက်ခံစားရတဲ့ အချစ်က ရည်းစားတွေ အများကြီးထားမှ မဟုတ်ဘူး။ တစ်ယောက်တည်းနဲ့လဲ မျိုးစုံပဲ”လို့ သူမက ပြောပြခဲ့ ပါတယ်။

No comments:

Post a Comment

back to top