ပီဂျီအေဂေါက်သီးရိုက်ပြိုင်ပွဲ ချန်ပီယံဆု မက်အီရွိုင်း ဆွတ်ခူး
လူးဝစ်ဗီးလ်− မြောက်အိုင်ယာလန်မှ ကမ္ဘာ့ထိပ်တန်း ဂေါက်သီးရိုက်သမား ရော်ရီမက်အီရွိုင်းသည် တနင်္ဂနွေနေ့က ပြီးဆုံးခဲ့သည့် ပီဂျီအေ ချန်ပီယံရှစ်ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့ပြီး ယခုနှစ်အတွင်း အဓိက ချန်ပီယံဆု လေးခုမြောက်အထိ ရရှိသွားပြီဖြစ်သည်။
မက်အီရွိုင်းသည် ၇၂ ကျင်းစိမ်ကစားရသည့် ထိုပြိုင်ပွဲတွင် စုစုပေါင်း ရိုက်ချက် ၂၆၈ မှ ၁၆ ချက်လျှော့ရိုက်ကာ ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။ ၎င်းသည် ပွဲတွင် ပီဂျီအေချန်ပီယံ ငါးကြိမ်ရဖူးသည့် ဖီးလ်မက်ကင်ဆန်ထက် ရိုက်ချက်တစ်ချက် လျှော့ရိုက်ပြီး ဗိုလ်စွဲခဲ့ခြင်းလည်း ဖြစ်သည်။ မက်အီရွိုင်းသည် ယခုပွဲ ဗိုလ်စွဲခဲ့သဖြင့် ဗြိတိသျှအိုးပင်းနှင့် ပြီးခဲ့သည့် သီတင်းပတ်က ကမ္ဘာ့ချန်ပီယံရှစ် ဂေါက်ရိုက်ပြိုင်ပွဲကိုပါ ထပ်မံဗိုလ်စွဲပြီး ဆက်တိုက်နိုင်ခဲ့သည့် စံချိန်ရှည်ခဲ့ကာ ၂၀၀၈ တွင် တိုက်ဂါးဝုဒ် ချန်ပီယံဆုငါးဆုဆက်တိုက်ရပြီး လွှမ်းမိုးထားနိုင်ခဲ့မှုနောက် အရှည်ကြာဆုံး ဆက်တိုက်အ နိုင်ရမှုလည်း ဖြစ်လာသည်။ ‘‘အံ့သြဖို့ကောင်းခဲ့ပါတယ်။ နောက်ထပ် နွေရာသီတစ်ခုမှာ ဒီလို နိုင်မလားဆိုတာကို ကျွန်တော်မသေချာပါဘူး။ ဒီနှစ်ထဲမှာ ပြိုင်ပွဲတွေ အများကြီး ထပ်ကစားရမယ်ဆိုပေမယ့် အခုထိ ကစားပြီးသမျှ ကိုလည်း ကျေနပ်ရမှာပါ’’ဟု ၎င်းကပြောသည်။ —Ref: AFP

No comments:
Post a Comment