g.o.d အဖွဲ့ ပြန်လည်ပေါင်းစည်းတဲ့ အယ်လ်ဘမ်သစ်မှာ ပါဝင်သီဆိုထားတဲ့ IU
တောင်ကိုရီးယားနာမည် ကျော် အဆိုတော် IU သည် g.o.d ကေပေါ့ပ်အဖွဲ့၏
များမကြာမီ ထွက်ရှိတော့မည့် အယ်လ်ဘမ် သစ်၌ ပါဝင်သီဆိုပေးထားသည် ဟု
တေးဂီတလုပ်ငန်းမှ တာဝန်ရှိ သူတစ်ဦးက ဇူလိုင် ၄ ရက်တွင် ပြောသည်။
‘‘IU ဟာ ကလေးဘ၀ကျောင်း နေအရွယ်ကတည်းက g.o.d အဖွဲ့ရဲ့ ဖျော်ဖြေပွဲတွေကို
လိုက်အား ပေးခဲ့ပြီး အဆိုတော်တစ်ယောက် ဖြစ်ချင်ခဲ့တာပါ။ ၂၀၀၀ ပြည့်နှစ်
ဝန်းကျင်က အရမ်းရေပန်းစားခဲ့ တဲ့ g.o.d အဖွဲ့ဝင်တွေဟာ ဒီနှစ် မှာပဲ
ပြန်လည်ပေါင်းစည်းဖို့ ဆုံး ဖြတ်ခဲ့ပြီး အဖွဲ့ဝင် ကင်ထယ်ဝူး က သူတို့
အယ်လ်ဘမ်သစ်ထဲမှာ IU ပါဝင်သီဆိုပေးဖို့ ကမ်းလှမ်းခဲ့ တယ်။ IU ကလည်း g.o.d
အဖွဲ့ ရဲ့ ကမ်းလှမ်းချက်ကို ၀မ်းသာ အားရ လက်ခံခဲ့တယ်’’ ဟု g.o.d အဖွဲ့နှင့်
ရင်းနှီးသူတစ်ဦးက ပြော သည်။ ကေပေါ့ပ်အဖွဲ့ g.o.d ၏ အဋ္ဌမမြောက် အယ်လ်ဘမ်သည်
ဇူလိုင် ၈ ရက်နှင့် ၉ ရက်များတွင် အွန်လိုင်းနှင့် အော့ဖ်လိုင်းတို့မှ
တစ်ဆင့် ထွက်ရှိမည်ဖြစ်သည်။
ယင်းအယ်လ်ဘမ်တွင် IU သည် Sing for Me အမည်ရ သီ ချင်းကို သီဆိုထားသည်ဟု
သိရ သည်။ g.o.d အဖွဲ့သည် အယ်လ် ဘမ်ထွက်ရှိပြီးနောက်တွင် ပြည် တွင်း၌
နယ်လှည့်ဖျော်ဖြေပွဲများ ပြုလုပ်သွား မည်ဖြစ်သည်။

No comments:
Post a Comment