Tuesday, July 22, 2014

အမျိုးသား တစ်ဦး၏ ရင်ဘတ်တွင် နှစ် ၄ဝ ကြာ စိုက်ဝင် နေသော မြားခေါင်းကို ဖယ်ရှား နိုင်ခဲ့

အိန္ဒိယနိုင်ငံ  မဟာရာဂျာယက်ရှ် ဝမ်ထရာအို ဆေးရုံမှ ဆရာဝန်များသည် အသက် ၅၅ နှစ်အရွယ်ရှိ အမျိုး သားတစ်ဦး၏ ရင်ဘတ်တွင်  နှစ်  ၄ဝ  ကြာ စိုက်ဝင်နေသောမြားခေါင်း တစ်ခုကို ဇူလိုင် ၁၉ ရက်က အောင် မြင်စွာ ဖယ်ရှားနိုင်ခဲ့ကြောင်း သိရသည်။ မက်ဒရာပရာဒက်ရှ် ပြည်နယ် အလီရက်ပူရမြို့မှ မန်ဆင်းအမည်ရှိ အဆိုပါ အမျိုးသားသည် ၎င်း ၁၅ နှစ်သားအရွယ်က မြားပစ် ခံခဲ့ရပြီးနောက် အဆိုပါမြားမှ သစ်သားချောင်း ကို ဆွဲထုတ် နိုင်ခဲ့သော် လည်း မြားခေါင်းမှာ ရင်ဘတ်အတွင်း၌ ကျန်ရှိနေခဲ့ကြောင်း သိရသည်။
သို့ရာတွင် ၎င်းအမျိုးသားသည် နှစ် ၄ဝ ကြာ မည်သည့်နာကျင်မှု ဒဏ်မှ မခံစားခဲ့ရသော်လည်း   မကြာသေး မီက ရင်ဘတ်တွင် နာကျင်မှု ခံစားခဲ့ရခြင်းကြောင့် X- ray ရိုက်ကြည့်ခဲ့ရာမှ ၎င်း၏ ရင်ဘတ် ဘယ်ဘက်တွင် အဆိုပါ မြားဦးကို ဆရာဝန်များက ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ယင်းနောက် ဒေသတွင်း ဆရာဝန်များက ၎င်းကို  MY ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး သုံးနာရီကြာ ခွဲစိတ်ကုသမှုများ လုပ်ဆောင်ခဲ့ရာမှ အရှည်လေးလက်မရှိ သော မြားချွန်ကို ဖယ်ရှားနိုင် ခဲ့ခြင်း ဖြစ်သည်။ ယခုအခါ မန်ဆင်းသည် ကျန်းမာရေး ပြန်လည်ကောင်းမွန် လာပြီဖြစ်ပြီး ရက်သတ္တပတ်ကြာ ဆေးရုံတွင် ဆေးစစ်မှုခံယူ သွားရမည်ဖြစ်ကြောင်း ဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာ ရူကာလာ က ပြောကြားခဲ့သည်။

No comments:

Post a Comment

back to top