တောင်သူလယ်သမား၊ အလုပ်သမားနှင့် လူငယ်ဖိုရမ် (၂၀၁၄) အောင်မြင်စွာ ကျင်းပပြီးစီး
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တောင်သူလယ်သမား၊ အလုပ် သမားနှင့် လူငယ်ဖိုရမ် (၂၀၁၄) ပိတ်ပွဲအခမ်းအနားကို ဇူလိုင် (၆) ရက် နံနက် (၈) နာရီအချိန်တွင် နေပြည်တော်ရှိ ပြည်ခိုင်ဖြိုးပါတီ ဌာနချုပ် ခန်းမဆောင်တွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားဖွင့်လှစ်ကြောင်း ကြေညာပြီး ပြည်ခိုင်ဖြိုးပါတီဝင် လူငယ်လေးများက ဂုဏ်ပြုတေးသီချင်းများဖြင့် ဖျော်ဖြေသည်။
ဆက်လက်၍ ခေါင်းစဉ်များအလိုက် အဖွဲ့များခွဲ၍ ဆွေးနွေးမှုများမှ ရရှိလာသော တောင်သူလယ်သမားဖိုရမ် စာတမ်း၊ အလုပ်သမားဖိုရမ်စာတမ်းနှင့် လူငယ် ဖိုရမ် စာတမ်းများကို သက်ဆိုင်ရာကဏ္ဍအလိုက် ကိုယ်စားလှယ် (၂) ဦးစီမှ အသီးသီး ဖတ်ကြား တင်ပြကြသည်။
ထို့နောက် ရှေ့လုပ်ငန်းစဉ်များတင်ပြကြရာ ဗဟိုအလုပ်အမှုဆောင် ဦးမောင်ဦး က တောင်သူလယ်သမားရေးရာ ရှေ့လုပ်ငန်းစဉ်များကိုလည်းကောင်း၊ ဗဟို အလုပ်အမှုဆောင် ဦးမောင်မောင်ဆွေ က အလုပ်သမားရေးရာ ရှေ့လုပ်ငန်းစဉ် များကိုလည်းကောင်း၊ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင်က လူငယ်ရေးရာ ရှေ့လုပ်ငန်းစဉ်များကိုလည်းကောင်း အသီသီး တင်ပြကြပြီး တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးသိန်းဇော်က ဖိုရမ်ဆိုင်ရာများကို တင်ပြသည်။
ဆက်လက်၍ ပါတီဥက္ကဋ္ဌကြီး သူရဦးရွှေမန်းမှ နိဂုံးချုပ် အမှာစကား ပြောကြား ကာ တောင်သူ လယ်သမား၊ အလုပ်သမားနှင့် လူငယ်ဖိုရမ် (၂၀၁၄) အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။


No comments:
Post a Comment