Wednesday, July 16, 2014

ထိပ်တန်းယူကရိန်းခွဲထွက်ရေးသမား ၁၁ ဦး EU အရေးယူပိတ်ဆို့မှုခံရ


ယူကရိန်းနိုင်ငံအရှေ့ပိုင်းတွင် ဖြစ်ပွားလျှက်ရှိသည့် အကြမ်းဖက်မှုများအား အရှိန်လျှော့ပါးသွားစေရန် အရေးယူ ဆောင်ရွက်မှုအသစ်များ အကောင်အထည်ဖေါ်ဆောင်ရွက်ခဲ့ရာ ယူကရိန်းခွဲထွက်ရေး သမား ခေါင်းဆောင် Alexander Borodai နှင့် အခြားထိပ်တန်းသူပုန်ခေါင်းဆောင် (၁၀) ဦးအား စနေနေ့က ဥရောပသမဂ္ဂမှ ပိတ်ဆို့အရေးအယူခဲ့သည်။ ခရီးသွားလာခွင့်ပိတ်ခြင်းနှင့် ရပိုင်ခွင့်များ ထုတ်ယူခွင့်သိမ်းဆည်းခြင်း စသည့်အရေးယူမှုများအား ခွဲထွက်ရေးသမားများက ပျက်ရယ်ပြုခဲ့ကြသည်။


၎င်းတို့အနေဖြင့် ဥရောပနိုင်ငံများသို့ အလည်အပတ်လာရောက်ရန် အစီအစဉ်မရှိသလို  သမဂ္ဂ အဖွဲ့ဝင်နိုင်ငံများတွင်လည်း မည်သည့်ငွေမျှအပ်နှံထားခြင်းမရှိကြောင်း ခေါင်းဆောင်တစ်ဦးမှ Interfax အား ကြာသပတေးနေ့က ပြောကြားခဲ့သည်။ ယူကရိန်းအစိုးရတပ်အား ဆန့်ကျင်တိုက်ခိုက်ရန် ခွဲထွက်ရေး သမားများအား အမိန့်ပေးခြင်းနှင့် လေ့ကျင့်သင်ကြားပေးခြင်းများပြုလုပ်ခဲ့သည့်အတွက် Nikolay Kozitsyn နှင့် Oleksiy Mozgovy တို့နှစ်ဦး သည် EU ၏ ပိတ်ဆို့အရေးယူခြင်း ခံရသည့် နောက်ဆုံး လူနှစ်ဦးဖြစ်သည်။ စုစုပေါင်း လူ (၇၂) ဦးနှင့် သီးခြားအဖွဲ့အစည်း နှစ်ခုအား ယူကရိန်းနိုင်ငံတည်တံ့ ခိုင်မြဲမှုအား ခြိမ်းခြောက်လာသည့်အတွက် အရေးယူပိတ်ဆို့ ခဲ့ကြောင်း EU မှ ထုတ်ပြန် ကြေညာခဲ့သည်။

No comments:

Post a Comment

back to top