နည်းပညာကျွမ်းကျင်မှုနှင့်
သက်မွေးပညာရေး သင်တန်းများ တက်ရောက်နိုင်ရန် ဖိတ်ခေါ်
အဋ္ဌမတန်းနှင့်
ဒသမတန်းအောင်မြင်ပြီး အကြောင်းအမျိုးမျိုးကြောင်း ကျောင်းဆက်လက် မတက်ရောက်နိုင် သော
ကလေးများသည် နည်းပညာကျွမ်းကျင်မှုနှင့် အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားခြင်းဖြင့်
ပြည်တွင်းပြည်ပ၌ အလုပ်အကိုင် လုပ်ခလစာ ထိုက်ထိုက်တန်တန်
ရရှိနိုင်သည့် အခွင့်အလမ်းများ ရှိပါသည်။
သိပ္ပံနှင့်
နည်းပညာ ၀န်ကြီးဌာန သမ၀ါယမ ၀န်ကြီးဌာန အစရှိသည့် ၀န်ကြီးဌာန ၁၅ ခုတွင် အသက်မွေး ၀မ်းကျောင်း
သင်တန်း အမျိုးအစားပေါင်း ၄၂၄ မျိုး ကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသဖြင့် အသက်မွေး
ဝမ်းကျောင်း အထက်တန်းကျောင်းများ၊ သိပ္ပံများနှင့် အသက်မွေးဝမ်းကျောင်း သင်တန်းများသို့
တက်ရောက် ကြရန်ဖိတ်ခေါ်အပ်ပါသည်။ သက်ဆိုင်ရာ ၀န်ကြီးဌာနအလိုက် တက်ရောက်နိုင်သော အသက်မွေး ၀မ်းကျောင်း
သင်တန်းများကို နိုင်ငံပိုင်သတင်းစာများ၏ အပတ်စဉ် တနင်္ဂနွေ အချပ်ပိုတွင် ထည့် သွင်းကြောငြာ သွားမည်
ဖြစ်ပြီး အသေးစိတ် အချက်အလက်များ သိရှိလိုပါက
အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။
နေပြည်တော်-
၀၆၇-၄၀၄၅၀၅၊ ၀၆၇-၄၀၄၅၀၆
ရန်ကုန် - ၀၁-၅၅၅၈၂၄၊ ၀၁-၅၄၂၈၇၃
No comments:
Post a Comment