လေယာဉ်ဝန်ထမ်းအဖြစ် သရုပ်ဆောင်ထားသည့် မာရီယိုစီးရီးနှင့် နီနီခင်ဇော်
ပထမဆုံးတစ်ကိုယ် တော်စီးရီး မာရီယိုတွင်ပါဝင်သည့် လေယာဉ်ပျံသီချင်းကို
လေယာဉ် အစစ်ပေါ်တွင် ရိုက်ကူးနိုင်ရန် အချိန်တစ်နှစ်ခန့်ပေးခဲ့ရပြီး ယင်း
အခွေကို ဇွန်လတွင် စတင်ဖြန့်ချိ တော့မည်ဟု နီနီခင်ဇော် ကပြော သည်။ ‘‘မာရီယိုအမ်တီဗီကို သီချင်း တွေနဲ့ လိုက်ဖက်မယ့်ပုံစံတွေနဲ့
ရိုက်ကူးပုံဖော်ထားပါတယ်။ လေ ယာဉ်ပျံသီချင်းဆိုရင် လေယာဉ် အစစ်နဲ့
ရိုက်ထားပါတယ်။ အဲဒီ လို လေယာဉ်နဲ့ ရိုက်ခွင့်ရဖို့ တစ် နှစ်လောက်
အချိန်ပေးခဲ့ရပါ တယ်။ လေကြောင်းလိုင်းတွေ အများကြီးနဲ့ ချိတ်ဆက် ခဲ့ရတယ်။
နောက်ဆုံးကျမှ Air KBZ က နီနီ့ ကို ကူညီတဲ့အနေနဲ့ ပေးရိုက်ခဲ့ တာ’’ ဟု
နီနီခင်ဇော်က ပြော သည်။
လေယာဉ်ပေါ်၌ ရိုက်ကူးရာ တွင် ကန့်သတ်ထားသည့် အချိန်အနည်းငယ်အတွင်းတွင်
ရိုက် ကူးခဲ့ရခြင်းဖြစ်ပြီး လေယာဉ် ၀န်ထမ်းတစ်ဦးအဖြစ် သရုပ် ဆောင်ကာ
သီချင်းထဲမှ စာသား များနှင့် လိုက်ဖက်မှုရှိအောင် သရုပ်ဆောင်ထားသည်ဟု
နီနီခင်ဇော် ကပြောသည်။
ထို့ပြင် မာရီယိုတွင်ပါဝင် သည့် သီချင်းတိုင်းကို ပရိသတ် များ
ခံစားမှုအပြည့်အ၀ရရှိနိုင် ရန် ဆက်တင်များဆောက်ကာ ရိုက်ကူးခြင်းထက်
သီချင်းနှင့် လိုက်ဖက်သည့် နေရာများကို အမှန်တကယ် သွားရောက် ရိုက်
ကူးထားကြောင်း နီနီခင်ဇော်က ပြောသည်။
‘‘မျှော်လင့်ချက်တစ်စုံတစ် ရာက မာရီယို တစ်ခွေလုံးကို ပံ့ပိုး ပေးတဲ့
သီချင်းဆိုရင်လည်း မမှား ပါဘူး။ ဒီသီချင်းကို ပရိသတ်တွေ ထင်မထားတဲ့ Angle
ကနေ ရိုက် ထားပါတယ်။ စိတ်ကြိုက်ပုံစံရ အောင်လည်း သုံးကြိမ်လောက်
ရိုက်ကူးခဲ့ရပါတယ်’’ ဟု ၎င်းက ပြောသည်။
မာရီယိုသီချင်းကိုလည်း ဖျော်ဖြေပွဲများတွင် တင်ဆက်ပေးသ လို
အကပုံစံဖြင့်ပင် ရိုက်ကူးထားကာ
သီချင်းခွေတစ်ခွေလုံးနီးပါးပါဝင်သရုပ်ဆောင်ထားကြောင်း ၎င်းကဆိုသည်။

No comments:
Post a Comment