မြစ်ကမ်းပြိုမှု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ကြည့်ရှု
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စား လှယ် ဦးမင်းသိမ်း သည် မေ ၃၀ ရက် နံနက် ၉ နာရီက ဆိပ်ကြီးခနောင်တိုမြို့နယ် ဆိပ်ကြီးအရှေ့ရပ်ကွက်တွင် မြစ်ကမ်းပြိုမှုအခြေအနေကို ပြည်ခိုင်ဖြိုးပါတီ မြို့နယ် အတွင်းရေးမှူး ဦးယဉ်ထွေး မြို့နယ် ကော်မတီဝင်များနှင့်အတူ သွားရောက် ကြည့်ရှုခဲ့ကြောင်း သိရသည်။
ထို့နောက် သခင်ဘသောင်း ရပ်ကွက်အတွင်းရှိ ရေထိန်းနံရံ ပြိုကျပျက်စီးနေမှု အား သွားရောက် ကြည့်ရှုခဲ့သည်။ ဆက်လက်၍ ခနောင်တို အနောက်ရပ်ကွက် ရှိ အောင်မင်္ဂလာကန် တူးဖော်နေမှုနှင့် ချောင်းဝိုင်းလေးရပ်ကွက်အတွင်း တိုးချဲ့ ကန်တူးဖော်နေမှု တို့အား သွားရောက် ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

No comments:
Post a Comment