လေးမျက်နှာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်တွေ့ဆုံပွဲနှင့် လူငယ်တာဝန် ပေးအပ် ပွဲ အခမ်းအနား ကျင်းပ
ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ လူငယ် တွေ့ဆုံပွဲနှင့် လူငယ်တာဝန်ပေးအပ်ပွဲ အခမ်းအနားကို မေ ၃၁ ရက် နံနက် (၈) နာရီခွဲတွင် လေး မျက်နှာမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဝင်းနိုင်၊ ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင် ဟင်္သာတခရိုင်တာဝန်ခံ ဦးမြတ်စိုး၊ လေးမျက်နှာမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးသိန်းထွန်းနှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်/ကျေး စည်းရုံးရေးမှူးများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ လူငယ်ကိုယ်စားလှယ်များ စုစုပေါင်း ၁၅၉ ဦး တက်ရောက်ကြသည်။
အခမ်းအနားအစီအစဉ် ပထမပိုင်းတွင် သဘာပတိက နေရာယူပြီး ပြည်ခိုင်ဖြိုး ပါတီ လူငယ်များက လူငယ်သီးချင်းဖြင့် သံပြိုင်သီဆို ဖွင့်လှစ်သည်။ သဘာပတိ မြို့နယ်ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးသိန်းထွန်းက အဖွင့်အမှာစကား ပြောကြားပြီး တိုင်းဒေသကြီး ပါတီကော်မတီ ဟင်္သာတခရိုင် တာဝန်ခံဦးမြတ်စိုး၊ လေးမျက်နှာမြို့နယ် မြို့နယ်ပြည်ခိုင်ဖြိုးပါတီ နာယက တိုင်းဒေသကြီး စည်ပင်ဝန်ကြီး ဦးကျော်ဝင်းနိုင် တို့က အမှာစကား အသီးသီးပြောကြားသည်။
သဘာပတိ မြို့နယ်အတွင်းရေးမှူးက လူငယ်အလံကို ရပ်/ကျေး လူငယ် ကျေးရွာ နယ်မြေတာဝန်ခံ ရှစ်ဦးကို နယ်မြေအလိုက် အလံပေးအပ်ခဲ့ပြီး/ ကျေးလူငယ်များ က ကတိသစ္စာ ခံယူ၍ အခမ်းအနား ပထမပိုင်းကို လူငယ်သီချင်း သီဆို ရုပ်သိမ်း ခဲ့သည်။
အခမ်းအနား ဒုတိယအပိုင်းကို ဆက်လက်ကျင်းပရာ သဘာပတိ မြို့နယ်ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးသိန်းထွန်းက နေရာယူပြီး လူငယ်ဆွေးနွေးပွဲ စတင်ကြောင်း အဖွင့် အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် လူငယ်ဥက္ကဋ္ဌ ဦးဇော်ဝင်းအောင်က နယ်မြေရှစ်နယ်မြေက လူငယ် တာဝန်ပေးအပ်သူစာရင်းကို ကြေညာခြင်း၊ လူငယ်နှင့် နိုင်ငံရေးစာတမ်းအား အမှတ်(၅) လူငယ် ဥက္ကဋ္ဌ ဦးကျော်ဇေယျက စာတမ်းဖတ်ကြားခြင်း၊ လူငယ်နှင့် တိုင်းပြည်ဖွံ့ဖြိုးရေး စာတမ်းအား အမှတ် (၈) နယ်မြေမှ ဒေါ်ဆွေဇင်မြင့်က စာတမ်းဖတ်ကြားခြင်း၊ လူငယ်နှင့် ၂၀၁၅ ခုနှစ် ပါတီ အောင်နိုင်ရေးစာတမ်းအား အမှတ်(၃) နယ်မြေ လူငယ်ဥက္ကဋ္ဌ ဦးစိုးလင်းထက်က စာတမ်းများ ဖတ်ကြားကာ သဘာပတိ မြို့နယ်ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးသိန်းထွန်းက နိဂုံးချုပ် အမှာ စကား ပြောကြားပြီး 'အောင်မြင်ပါစေ မြန်မာပြည်' သီချင်းဖြင့် သံပြိုင်သီဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အဆိုပါအခမ်းအနားတွင် မှတ်တမ်းတင်ခြင်းတစ်ရပ်၊ အတည်ပြုခြင်းတစ်ရပ်၊ ဆုံးဖြတ်ချက် တစ်ရပ် တို့ ချမှတ်ခဲ့ကြောင်း သိရသည်။

No comments:
Post a Comment