Monday, May 12, 2014

စင်ကာပူ အစိုးရ အင်ဂျင်နီယာ ကျောင်း၏ တိုက်ရိုက် ဝင်ခွင့်ကို Future Way မှ တစ်ဆင့် လျှောက်ထားနိုင်

မြန်မာနိုင်ငံမှ တက္ကသိုလ်ဝင်တန်း သို့မဟုတ် GCE 'O' Level သုံးဘာသာ အောင်မြင် ထားသည့် ကျောင်း သား၊ ကျောင်းသူများ သာမက တက္ကသိုလ်ဝင်တန်း တက်ရောက် ထားသော ကျောင်း သား၊ ကျောင်း သူများ အနေဖြင့် စင်ကာပူနိုင်ငံ၏ တစ်ခုတည်းသော အစိုးရ အင်ဂျင်နီယာ ကျောင်း၏ တိုက်ရိုက် ဝင်ခွင့်ကို BCA Academy တရားဝင် ကိုယ်စားလှယ် ဖြစ်သည့် Future Way Education & Services မှ တစ်ဆင့် လျှောက် ထားနိုင်ပြီ ဖြစ်ကြောင်း သိရသည်။
BCA Academy သည် စင်ကာပူနိုင်ငံရှိ အခြားသော Poly များ နည်းတူ သုံးနှစ် Diploma ကို သင်ကြား နေသော်လည်း တက္ကသိုလ်ဝင်တန်း အမှတ်စာရင်း အနည်း၊ အများနှင့် IELTS / TOEFL တို့ကို လက်ရှိ အချိန်အထိ လိုအပ်ခြင်း မရှိသော တစ်ခုတည်းသော အစိုးရ အင်ဂျင်နီယာ ကျောင်း တစ်ကျောင်း ဖြစ်သည်။ BCA Academy တွင် International ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် Construction Engi-neering, Construction IT, Mechanical Engineering (Green Building Tech-nology), Design (Interior & Land-scape), Electrical Engineering and Clean Energy, Strategic Facility Management နှင့် Quantity Surveying စသည့် ဘာသာရပ်များကို ဒီပလိုမာ သုံးနှစ် သင်ကြားနိုင်ပြီး လုပ်ငန်း အတွေ့အကြုံ အဖြစ် စင်ကာပူ ဆောက်လုပ်ရေး လုပ်ငန်းခွင်များတွင် လက်တွေ့ လုပ်ဆောင် ရသော လုပ်ငန်းသင်တို့ အပါအဝင် အခြား အခွင့်အရေးများကိုလည်း ရရှိနိုင်မည် ဖြစ်သည်။
ထူးချွန်သည့် ကျောင်းသား၊ ကျောင်းသူများ အတွက် BCA Academy မှပေးအပ်သည့် Fully Scholarship သို့မဟုတ် Partial Scholarship နှင့် PR လျှောက်ထားနိုင်မည့် အခွင့်အလမ်းများလည်း ရရှိနိုင်ပြီး ဒီပလိုမာ ပြီးမြောက်ပါက စင်ကာပူ BCA Academy ၌ပင် University of New Castle မှ ပေးအပ်သည့် Bachelor of  Construction Management ကိုလည်း ဆက်လက် သင်ကြားနိုင်မည် ဖြစ်သည်။
စင်ကာပူ ဆောက်လုပ်ရေး နည်းပညာရပ်များကို သင်ယူလိုသူများ အနေဖြင့် မေ ၁ဝ ရက် နောက်ဆုံးထား လာရောက် လျှောက်ထားပါက တိုက်ရိုက်ဝင်ခွင့် ရရှိနိုင်မည်ဖြစ်ပြီး အသေးစိတ် စုံစမ်းလိုသူများ အနေဖြင့် Future Way Education & Services-ဖုန်း-ဝ၁-၂၄၁ဝ၉၉၊ ဝ၁-၂၅၄၁၈၅၊ ဝ၁-၂၅၄၆၂၈၊ ဝ၉-၄၂၁ဝ၁၆၁၅၈ တို့သို့ ဆက်သွယ် စုံစမ်း လျှောက်ထားနိုင်ကြောင်း သိရသည်။

No comments:

Post a Comment

back to top