Wednesday, May 14, 2014



မသန်စွမ်းသူများအတွက် အခမဲ့ ကွန်ပျူတာ သင်တန်း ဖွင့်မည်

ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) မှ အလုပ်အကိုင်ရရှိရေးနှင့် အသက်မွေးဝမ်းကျောင်း ပညာ သင်ကြား ရေး စီမံချက်အရ မသန်စွမ်းလူငယ်များအတွက် ကွန်ပျူတာသင်တန်းကို အခမဲ့ ဖွင့်လှစ်သင် ကြားပေးလျက် ရှိရာ (၂၂) ကြိမ်မြောက် သင်တန်းကို ဇွန် ၁ ရက်တွင် ဖွင့်လှစ်သွားမည်ဖြစ်သဖြင့် တက်ရောက်လိုသူ မသန်စွမ်းလူငယ်များသည် ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) ရုံးခန်းအမှတ် (၇၉၇) အခန်း (၁၀၄-ဘီ) ဗိုလ်ချုပ်အောင်ဆန်းလမ်း (၀ါးတန်းလမ်းထောင့်) မြန်မာ့အလှတာဝါ (၂) လမ်းမတော် မြို့နယ် ရန်ကုန်မြို့ ဖုန်း ၀၁ ၂၃၀၀၃၃၂ ၊ ၂၃၀၀၃၂၉ တို့သို့ မေ ၂၅ ရက် နောက်ဆုံး ထား၍ လျှောက်လွှာ များတင်သွင်းနိုင်ကြောင်း နှင့် အထောက်အကူပြုပစ္စည်း ရယူလိုသူများအနေဖြင့်လည်း အဆိုပါ ရုံးခန်းသို့ လာရောက်လျှောက် ထားနိုင် ကြောင်းသိရသည်။

No comments:

Post a Comment

back to top