ပျောက်ဆုံးမလေးရှားလေယာဉ် ဆက်လက်ရှာဖွေရေး သြစတြေးလျ၊ တရုတ်နှင့် မလေးရှား စည်းဝေး
ပျောက်ဆုံးနေသော မလေးရှားလေယာဉ် ရှာဖွေရေး ရှေ့လုပ်ငန်းစဉ်
လမ်းပြမြေပုံ တစ်ရပ် ရေးဆွဲရန် မလေးရှား၊ သြစတြေးလျနှင့် တရုတ်နိုင်ငံတို့
မှ အရာရှိများ တွေ့ဆုံစည်းဝေး ခဲ့ကြသည်။
သြစတြေးလျနိုင်ငံ ကင်ဘာ ရာမြို့တွင် ကျင်းပသော ဆွေးနွေး ပွဲသို့
တရုတ်နှင့် မလေးရှား သယ်ယူ ပို့ဆောင်ရေးဝန်ကြီးများ နှင့်အတူ
လေယာဉ်ရှာဖွေရေး လုပ်ငန်းအဖွဲ့ခေါင်းဆောင် အန် ဂွတ်ဟူစတန်နှင့် သြစတြေးလျ
ဒုဝန်ကြီးချုပ်တို့ တက်ရောက်ခဲ့ ကြသည်။
ယခုအချိန်အထိ ပြုလုပ်ခဲ့ သော ကျယ်ကျယ်ပြန့်ပြန့် ရှာဖွေ မှုများတွင် MH370 လေယာဉ်၏ အရိပ် အယောင်မျှပင် မတွေ့ရ သေးပေ။နောက်တစ်ဆင့်မှာ သမုဒ္ဒရာကြမ်းပြင်ကို အချိန်ကြာမြင့်စွာ ရှာဖွေရေးဖြစ်သည်။
ကင်ဘာရာမြို့၌ စကားပြောကြားရာတွင် သြစတြေးလျ ဒုဝန်ကြီးချုပ်
ဝါရင်းထရပ်စ်က အသံလှိုင်းအာရုံခံ ကိရိယာအသစ် များ၊ ရေအောက်နစ်မြုပ်နိုင်သော
ပစ္စည်းကိရိယာသစ်များ လိုအပ် မည်ဖြစ်ကြောင်း ပြော ကြားသည်။
အဆိုပါ ရေအောက်ရှာဖွေ ရေး ကိရိယာများကို ကမ္ဘာတစ်ဝန်းမှ ရေတပ်နှင့်
အစိုးရအဖွဲ့များက ပိုင်ဆိုင်မှုရှိနိုင်သော်လည်း အများ စုကို ပုဂ္ဂလိကကဏ္ဍက
ပံ့ပိုးပေးနိုင်ဖွယ်ရှိသည်ဟု ထရပ်စ်က ပြောကြား ပြီး ယခုအစီအစဉ်မှာ
လေယာဉ်ရှာဖွေရေးအဆင့်သစ် ကို အဖွဲ့တစ်ဖွဲ့တည်းက ရှာဖွေ ရန်
ဦးဆောင် လုပ်ဆောင်ရေး ဖြစ်သည်ဟု ၎င်းကဆက်လက်ပြောသည်။
No comments:
Post a Comment