Thursday, May 8, 2014

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဓာတ်အားလိုင်း ကြိုးလဲလှယ်ခြင်း လုပ်ငန်းများ ဆက်လက် လုပ်ကိုင်နေ၍ လျှပ်စစ်မီး ပြတ်တောက်ခြင်း များ ဆက်လက်ရှိမည် 

ရန်ကုန်တိုင်း ဒေသကြီးအတွင်း လျှပ်စစ်ဗို့အား ဖြည့်သော ဓာတ်အားလိုင်းကြိုး လဲလှယ်ခြင်း လုပ်ငန်းများ ကျန်ရှိနေသောကြောင့် လျှပ်စစ်မီး ပြတ်တောက်ခြင်းများ ဆက်လက်ရှိနေမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
လက်ရှိ အသုံးပြုလျက်ရှိသော လျှပ်စစ်ဓာတ်အား သွယ်တန်းကြိုးများသည် လျှပ်စစ်အပြည့်အဝ မရရှိခြင်းကြောင့် လဲလှယ်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေရခြင်း ဖြစ်ကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီး၏ လျှပ်စစ်သုံးစွဲဝန်အားမှာ နေ့ပိုင်းတွင် ၈၄၇ ဒသမ ၇၁ မဂ္ဂါဝပ်ရှိပြီး ညပိုင်းတွင် ၇၇၉ ဒသမ ၈၄ မဂ္ဂါဝပ် အသီးသီး အသုံးပြုလျက် ရှိနေကြောင်းနှင့် နွေရာသီ ကာလအတွင်း ၅ဝ ရာခိုင်နှုန်းခန့် တိုးတက် သုံးစွဲနိုင်ရေး ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း နွေရာသီ ကာလ၌ လျှပ်စစ်ဓာတ်အား သုံးစွဲမှုမှာ ၉ဝဝ မဂ္ဂါဝပ် အထိ ရှိမည်ဖြစ်ကြောင်း၊ ယင်းအတွက် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု မရှိစေရန် လျှပ်စစ် ဗို့အား လျော့၍ အလှည့်ကျ ဓာတ်အား ပြတ်တောက်မှု မရှိစေရေးအတွက် သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံအသစ်များ တည်ဆောက်ပြီး ထုတ်လုပ်ပေးလျက် ရှိကြောင်း သိရသည်။
ထို့အပြင် ရန်ကုန်တိုင်း ဒေသကြီးအတွင်း ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုအဖြစ် သာကေတ၊ လှော်ကားနှင့် ရွာမတို့တွင် 500 MBA မဂ္ဂါဝပ်သုံးလုံး၊ ၁၅ဝ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး အင်ဂျင်ဓာတ်အားပေး စက်များ၊ ရွာမတွင် ထိုင်းနိုင်ငံအစိုးရမှ လွှဲပြောင်း ပေးအပ်ထားသည့် ၁၂ဝ မဂ္ဂါဝပ်နှစ်လုံး၊ ၂၄ဝ မဂ္ဂါဝပ် သဘာဝ ဓာတ်အားပေး စက်ရုံများ အသစ်တည်ဆောက်ပြီး လျှပ်စစ် ဓာတ်အားကို ထုတ်လုပ် ဖြန့်ဖြူးလျက် ရှိကြောင်းလည်း သိရသည်။

 

No comments:

Post a Comment

back to top