နက္ခတ်သိပ္ပံ အကြံပြုလမ်းညွှန် - May 5, 2014
တနင်္ဂနွေဂြိုဟ် မိဿရာသီ၊ ဗုဒ္ဓဟူးဂြိုဟ် ပြိဿရာသီ၊ သောကြာဂြိုဟ် မိန်ရာသီ၌ ရပ်တည်နေပြီး အင်္ဂါဂြိုဟ် ကန်ရာသီ၌ ဖေါက်ပြန် တည်ရှိနေမည်။ တနင်္လာဂြိုဟ် ကရကဋ်ရာသီ၌ ရပ်တည်နေ၍ ကြာသပတေးဂြိုဟ် မေထုန်ရာသီ၌ ရပ်တည်နေပြီး စနေဂြိုဟ် တူရာသီတွင် ဖေါက်ပြန် တည်ရှိနေပါမည်။ ရာဟုနှင့် ကိတ်ဂြိုဟ်များ တူရာသီနှင့် မိဿရာသီ၌ တည်ရှိနေမည်။ ယူရေးနပ်စ်ဂြိုဟ် မိန်ရာသီ၊ နက်ပ်ကျွန်း ကုမ်ရာသီနှင့် ပလူတိုဂြိုဟ် ဓနုရာသီ၌ ဖေါက်ပြန် တည်ရှိနေမည်။ တနင်္လာမှ စနေသို့ ၁၂၀ံအမြင်၊ တနင်္လာမှ ရာဟုသို့ ၉၀ံအမြင် ရှိထားသည်။ ပုန္နဖုသျှ နက္ခတ်စန်းယှဉ်ပြီး မိဿ၊ မေထုန်၊ တူ၊ ဗြိစ္ဆာ၊ မကာရနှင့် မိန်ရာသီဖွားများ ကံဇာတာ မြင့်မားချိန် ဖြစ်သည်။ တနင်္ဂနွေ၊ တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ၊ စနေနှင့် ရာဟု သားသမီးများ အရေးကြီးကိစ္စ ဆောင်ရွက်နိုင်သည်။ လွဲချော်နေသည့် ကိစ္စရပ်များ၊ မင်္ဂလာ အမှုကိစ္စများ၊ မိမိ အလိုဆန္ဒများ အတွက် အဓိဌာန် သစ္စာပြုခြင်း၊ အလျှင်အမြန် ပြန်အရောင်းထွက်လိုသော ကုန်ပစ္စည်းနှင့် အိမ်ခြံမြေ ၀ယ်ယူမှု ကိစ္စများ၊ ရွှေရတနာ ၀ယ်ယူစုဆောင်းမှုနှင့် အရောင်းဆိုင် ဖွင့်လှစ်မှု၊ လေလံနှင့် ယှဉ်ပြိုင်မှု ကိစ္စများ၊ ထီကံစမ်းမှုနှင့် အကျိုးရှိမည့် အရေးကြီး လုပ်ငန်းကိစ္စများ အတွက် ဆက်သွယ် ကြိုးပမ်း ဆောင်ရွက်နိုင်သည်။ ကံကောင်းဂဏန်း-၂၊ ၄၊ ၆
တနင်္ဂနွေသားသမီးများ
ကံဇာတာ ဆက်လက် မြင့်မားပြီး အောင်မြင်မှု လမ်းမများထက် ပြည့်စုံ ကြွယ်ဝ ချမ်းသာခြင်းများ ဖန်တီး ရယူနိုင်မည်။
တနင်္လာသားသမီးများ
ငွေကြေးကံ ဆက်လက် ကောင်းမွန်ပြီး ငွေကြေး အစုလိုက် အပုံလိုက် ရရှိမည်။
အင်္ဂါနေ့သားသမီးများ
မိမိ ဆောင်ရွက်သော လုပ်ငန်းကိစ္စများတွင် အတိုက်အခံ အနှောင့်အယှက် မကင်းသည့် အချိန်ကာလ ဖြစ်သည်။
ဗုဒ္ဓဟူးနေ့သားသမီးများ
ကံဇာတာ ပြန်လည် မြင့်မား၍ လုပ်ငန်းပိုင်း၊ စီးပွားရေးပိုင်းဆိုင်ရာ အခွင့်အရေးကောင်းများ တွေ့ကြုံလာမည်။
ကြာသာပတေးနေ့သားသမီးများ
ငွေကြေးပိုင်းဆိုင်ရာ နှောင့်နှေး ကြန့်ကြာမှုနှင့် ဆုံးရှုံးမှုများ ရင်ဆိုင် တွေ့ကြုံရတတ်သည်။
သောကြာနေ့သားသမီးများ
မှန်ကန်သော ဆုံးဖြတ် ယူဆချက်များဖြင့် အောင်မြင် ကြီးပွား တိုးတက်မှုများ ပိုင်ဆိုင်ရမည့် ရွှေရောင်နေ့ရက် ဖြစ်သည်။
စနေနေ့သားသမီးများ
မိသားစု၌ အိမ်ခြံမြေယာဉ် ကိစ္စများအတွက် အကျိုးရှိ ကံကောင်းမည့် အချိန်ကာလ ဖြစ်သည်။
ရာဟုနေ့သားသမီးများ
စိတ်ကူးသစ်၊ အကြံဥာဏ်သစ်များကြောင့် ကံကောင်း ကြီးပွား တိုးတက်မည့် အခွင့်အရေးများ တွေ့ကြုံချိန် ဖြစ်သည်။
| တနင်္ဂနွေသားသမီးများ ၀တ်ဆင်ရန် | ပန်းရောင်၊ ဆင်စွယ်၊ ခရမ်း |
| တနင်္လာနေ့သားသမီးများ ၀တ်ဆင်ရန် | ဆင်စွယ်၊ အဖြူ၊ ပန်းရောင် |
| အင်္ဂါနေ့သားသမီးများ ၀တ်ဆင်ရန် | အ၀ါ၊ ဆင်စွယ်၊ အပြာနု |
| ဗုဒ္ဓဟူးနေ့သားသမီးများ ၀တ်ဆင်ရန် | အစိမ်းနု၊ အနက်၊ ပန်းရောင် |
| ကြာသာပတေးနေ့သားသမီးများ ၀တ်ဆင်ရန် | ဆင်စွယ်၊ အပြာနု၊ ပန်းရောင် |
| သောကြာသားသမီးများ ၀တ်ဆင်ရန် | အ၀ါ၊ ဆင်စွယ်၊ အဖြူ |
| စနေနေ့သားသမီးများ ၀တ်ဆင်ရန် | အနက်၊ ပန်းရောင်၊ ဆင်စွယ် |
| ရာဟုနေ့သားသမီးများ ၀တ်ဆင်ရန် | ခရမ်း၊ ဆင်စွယ်၊ အစိမ်းရင့် |
No comments:
Post a Comment