Monday, May 12, 2014

ဘန်ကောက်-ထားဝယ်-ဘိတ် Charter Flight စင်လုံးငှားလေယာဉ် ခရီးစဉ်များ စတင်ပြေးဆွဲနေပြီ

လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန DCA မှ ပြောကြားချက်အရ ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ ထားဝယ်-ဘိတ် ဒေသတို့အတွက် စင်းလုံးငှားလေယာဉ် ခရီးစဉ်များကို မေလ(၈) ရက်နေ့ကတည်းက စတင်ပြေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံမှာ လေယာဉ်စင်းလုံးငှား ခရီးစဉ်ဟာ ယခင်ကလည်းရှိပြီးသားဖြစ်ပြီး  မြန်မာနိုင်ငံမှာ ရှိနေတဲ့ International Airport တွေဖွံ့ဖြိုးတိုးတက်ရန်နှင့် လေဆိပ်တွေရဲ့ ပြေးလမ်းအခြေအနေ လက်ခံနိုင်မှု၊ အခြားသော လေဆိပ်ဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုလုပ်ဆောင်နိုင်ရန်အတွက် ဖြစ်ကြောင်း သိရသည်။
ထို့အပြင် လေယာဉ်မတော်တဆ ထိခိုက်မှုများ မဖြစ်ပွားစေရန်နှင့်  ခရီးသည်တွေသွားလာတဲ့အခါ လွယ်ကူချောမွေ့စေရေး စတာတွေအတွက် လတ်တလောမှာ Charter Flight တွေကိုခွင့်ပြုပေး တာဖြစ် ကြောင်း သိရသည်။
ယခု ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ ထားဝယ်-ဘိတ် ဒေသတို့အတွက် Charter Flight  လေယာဉ်ငှားရမ်းမှု ကိုတော့ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန DCA မှ တဆင့်လည်း အသေစိတ်စုံစမ်း ငှားရမ်းနိုင် တာဖြစ်သလို ဘန်ကောက်ဘက်မှာလည်း  ဆောင်ရွက် နေတဲ့ ကိုယ်စားလှယ်အဖွဲ့ များ ရှိကြောင်း သိရသည်။ စင်းလုံးငှားခရီးစဉ်များဆောင်ရွက်ရာမှာ  သယ်ဆောင်မှုအနေနဲ့လူရောကုန်ပါ တင်လို့ ရမှာဖြစ်ပြီး အလေချိန်ကိုတော့  အကန့်အသတ်နဲ့ပဲ ခွင့်ပြုခြင်းဖြစ်ကြောင်း သိရသည်။
ref;mrtv-4

No comments:

Post a Comment

back to top