အန်ဒါဂရောင်းတီးဝိုင်းက အားလုံးစီစဉ်ပေးမယ့် ဖြူဖြူကျော်သိန်းရဲ့ "နာမည်ကျန်နေရစ်မယ်"
ငါးခွေမြောက်အယ်လ်
ဘမ်တွင် ပါဝင်မည့် သီချင်းများ ရေးသားရာမှ အစ၊ အဆုံးကို
အန်ဒါဂရောင်းတီးဝိုင်း တစ်ခုဖြစ်သည့် The Scare အဖွဲ့က စီစဉ်ပေး ထားကြောင်း
အဆိုတော်ဖြူဖြူ ကျော်သိန်းကပြောသည်။
‘‘The Scare ကပဲရေးတာ။ တစ်ခွေလုံးကို တစ်ယောက်တည်းပဲ ရေးတာ။ သူတို့ပဲတီးတယ်။ သူတို့ပဲ စီစဉ်တယ်။ သူတို့က အန်ဒါဂရောင်းတီးဝိုင်းတစ်ခုပဲ။ သူတို့ရေး၊ဆို၊ တီးလုပ်နေတာ ကြာပြီ’’ဟု ဖြူဖြူကျော်သိန်းက ပြောသည်။
အဖွဲ့သားနှစ်ဦးသာပါဝင် သောTheScareအဖွဲ့နှင့်သီချင်းနှစ်ပုဒ်တွဲဆိုထားသည်။ ဖြူဖြူကျော်သိန်း ထွက်ရှိ ခဲ့သော
စီးရီးများတွင် အောင်မြင်သော တေးရေးများက သာ ရေးသားပေးခဲ့ကြသည်။‘‘The Scare ကပဲရေးတာ။ တစ်ခွေလုံးကို တစ်ယောက်တည်းပဲ ရေးတာ။ သူတို့ပဲတီးတယ်။ သူတို့ပဲ စီစဉ်တယ်။ သူတို့က အန်ဒါဂရောင်းတီးဝိုင်းတစ်ခုပဲ။ သူတို့ရေး၊ဆို၊ တီးလုပ်နေတာ ကြာပြီ’’ဟု ဖြူဖြူကျော်သိန်းက ပြောသည်။
ကိုယ်ပိုင်သံစဉ်သီချင်းများ သာ ပါဝင်မည့် ငါးခွေမြောက် အခွေနာမည်ကို ‘‘နာမည်ကျန်နေ ရစ်မယ်’’ ဟု ပေးထားကြောင်း ဧပြီ ၂၂ ရက်တွင် ကျရောက် သောမွေးနေ့တွင် ဖြူဖြူကျော်သိန်းက ဖေ့စ်ဘွတ်ခ်မှ တစ်ဆင့်ပရိသတ် များအား အသိပေးခဲ့သည်။
‘‘၀ါသနာရှင်တွေပဲဖြစ်ဖြစ်၊ အနုပညာရှင်တွေထဲကပဲဖြစ်ဖြစ်၊ ကိုယ်ပိုင်သံစဉ်သီချင်းအသစ် တွေ လိုချင်တယ် လို့ အကုန်လုံး ကို ကြေညာထားတော့ မနှစ် လောက်က ဖြူဖြူကို သီချင်းတွေ လာပြတဲ့အထဲမှာ သူတို့သီချင်း တွေ အကုန်လုံးကို ကြိုက်သွား တယ်။ ပရိသတ်တွေရဲ့ သီချင်း တွေကို ဘ၀မှာ တစ်ခါလောက် တော့ နားထောင်ဖူးသွားသင့်တယ်ထင်တဲ့အတွက်ကြောင့်သူတို့နဲ့ လက်တွဲပြီး ဒီအခွေကို ထုတ်ဖြစ်တာ’’ဟု ဖြူဖြူကျော် သိန်းကပြောသည်။
မေလတွင် အမေရိကန်သို့ နှစ်လကြာသွားရောက်ဖျော်ဖြေ နေသည့်အချိန်၌ မြန်မာနိုင်ငံ သို့ ခေတ္တပြန်လာပြီး ပရိသတ် များအတွက် ထူးခြားမည့်ပွဲတစ်ခု ကို ဖျော်ဖြေမည်ဖြစ်၍ ပွဲအ ကြောင်းအရာ ကို အချိန်နီးမှ အသိပေးလိုသည်ဟု ဖြူဖြူကျော် သိန်းကဆိုသည်။

No comments:
Post a Comment