Wednesday, April 2, 2014


မဟာသင်္ကြန် ပွဲတော်ရက်များ အတွင်း မဏ္ဍပ်များ၏ အရွယ် အစားပေါ် မူတည်၍ လုံခြုံရေး ဝန်ထမ်း ၁ဝ ဦးမှ ၁၅ ဦးအထိ ထားရှိ ရမည်

မဟာသင်္ကြန် ပွဲတော်ရက်များ အတွင်း ရန်ကုန်မြို့ရှိ မဏ္ဍပ်များ၏ အကြီးအသေးပေါ် မူတည်၍ လုံခြုံရေး ဝန်ထမ်းအနည်းဆုံး ၁ဝ ဦးမှ အများဆုံး ၁၅ ဦးအထိ ထားရှိရမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး နယ်စပ်ရေးနှင့် လုံခြုံရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြောကြားခဲ့သည်။
အဆိုပါ သင်္ကြန် မဏ္ဍပ်များတွင် လုံခြုံရေး ဝန်ထမ်းများအပြင် အရွယ်အစား အလိုက် သင်္ကြန် မဏ္ဍပ်ကြီး များတွင် CCTV ကင်မရာအကြီး တစ်လုံး၊ Fix ကင်မရာ လေးလုံး၊ သင်္ကြန်မဏ္ဍပ် အလတ် များတွင် ကင်မရာ အကြီး တစ်လုံး၊ Fix ကင်မရာသုံးလုံး တပ်ဆင်ပေးရန် တောင်းဆို ထားကြောင်း၊ ယင်းကဲ့ သို့ ဆောင်ရွက်ရခြင်းသည် မှုခင်းကိစ္စရပ်များ ဖြစ်ပွားလာပါက အချိန်မီ ဖြေရှင်းပေးနိုင် ရန် ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ရန်ကုန် သင်္ကြန်တွင် လုံခြုံရေးဆိုင်ရာ ကွပ်ကဲမှုရုံး သုံးနေရာ ထားရှိမည် ဖြစ်ပြီး အထူး တရားရုံးများ ကိုလည်း မြို့နယ်အလိုက် ဖွင့်လှစ် ပေးထားမည် ဖြစ်ကြောင်း၊ ၄င်းတို့ကို သိမ်ဖြူ ကန်တော်ကြီး ပတ်လမ်းရှိ (သိမ်ဖြူမိုးလုံလေလုံ အားကစားရုံ)အပြင် မဏ္ဍပ်အများစု ရှိသော နေရာနောက် ထပ် နှစ်ခု တွင်လည်း ထားရှိသွားမည် ဖြစ်ကြောင်း၊ အထူးတရားရုံး များတွင် သင်္ကြန်နှင့် ဆက်နွှယ်သော မှုခင်းများကိုလည်း ချက်ချင်းဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မြို့နယ်အလိုက် ကျန်းမာရေး စောင့်ရှောက်မှု အနေဖြင့် အလှည့်ကျ ဝန်ထမ်းများ ထားရှိပေးမည် ဖြစ်ပြီး မဏ္ဍပ်များတွင် လုံခြုံရေး အပိုင်းများအရ လုပ်ဆောင်ရမည့် ပုံစံနှင့် စည်းကမ်း ချက်များကို ထုတ်ပြန် ထားပေးပြီး ဖြစ်ကြောင်း၊ တစ်စုံတစ်ရာ ဖြစ်ပွားလာပါက ချိတ်ဆက် ဆက်သွယ်နိုင်ရန်လည်း စီစဉ် ထားရှိရမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

back to top