နက္ခတ်သိပ္ပံ အကြံပြုလမ်းညွှန် - April 2, 2014
တနင်္ဂနွေဂြိုဟ် မိန်ရာသီနှင့် ဗုဒ္ဓဟူးနှင့် သောကြာဂြိုဟ်များ
ကုမ်ရာသီ၌ ရပ်တည်နေပြီး အင်္ဂါဂြိုဟ် တူရာသီ၌ ဖေါက်ပြန် တည်ရှိနေမည်။
တနင်္လာဂြိုဟ် မိဿရာသီ၌ ရပ်တည်နေပြီး ကြာသပတေးဂြိုဟ် မေထုန်ရာသီ၌
ရပ်တည်နေပြီး စနေဂြိုဟ် တူရာသီတွင် ဖေါက်ပြန် တည်ရှိနေပါမည်။ ရာဟုနှင့်
ကိတ်ဂြိုဟ်များ တူရာသီနှင့် မိဿရာသီ၌ တည်ရှိနေမည်။ ယူရေးနပ်စ်ဂြိုဟ်
မိန်ရာသီ၊ နက်ပ်ကျွန်းနှင့် ပလူတိုဂြိုဟ်များ ကုမ်နှင့် ဓနုရာသီ၌
တည်ရှိနေမည်။ တနင်္ဂနွေနှင့် ယူရေးနပ်စ် ပူးယှဉ်သည်။ ပလူတိုမှ တနင်္လာသို့
၁၂၀ံအမြင် ရှိထားသည်။ ဘရဏီ နက္ခတ်စန်းယှဉ်ပြီး မိဿ၊ မေထုန်၊ တူ၊ ဓနုနှင့်
မကာရ ရာသီဖွားများ ကံဇာတာ မြင့်မားချိန် ဖြစ်သည်။ ဗုဒ္ဓဟူး၊ ကြာသပတေး၊
သောကြာ၊ စနေနှင့် ရာဟု သားသမီးများ အရေးကြီးကိစ္စ ဆောင်ရွက်နိုင်သည်။
စာပေအနုပညာ ထုတ်လုပ် ဖြန့်ချီမှု၊ အလှကုန်နှင့် စားသောက်ကုန်
မိတ်ဆက်ဖြန့်ဖြူးမှု၊ ဖက်ရှင်၊ စတိုး အလှပြင်ဆိုင် ဖွင့်လှစ်မှု၊
ရွှေရတနာနှင့် ပတ်သက်သော လုပ်ငန်း စတင်မှု/ ၀ယ်ယူစုဆာင်းမှု၊ မြေယာ ၀ယ်ယူမှု
ကိစ္စများ၊ စက်မှုနှင့် ဆေးဝါး ပစ္စည်းများ မိတ်ဆက် ဖြန့်ဖြူးမှု၊
စက်ရုံ/ဆန်စက်-ဆီစက် ဖွင့်လှစ်မှု၊ ကျောက်မျက်ရတနာ ၀ယ်ယူစုဆောင်းမှု၊
ထီကံစမ်းမှုများ ဆောင်ရွက်နိုင်သည်။
ကံကောင်းဂဏန်း- ၄၊ ၅၊ ၆
တနင်္ဂနွေသားသမီးများ
စကားများ ရန်ဖြစ် ပဋိပက္ခ ပြဿနာ ဖြစ်ပွားမှုများ ဆက်လက် သတိပြုသင့်ချိန် ဖြစ်သည်။
တနင်္လာသားသမီးများ
ပင်ပန်းမှုများ ယှဉ်တွဲ၍ မိမိ ရည်မှန်းချက်များ ပြည့်ဝလာမည်။
အင်္ဂါနေ့သားသမီးများ
ဆုံးဖြတ် ယူဆချက်များ လွဲချော် မှားယွင်းတတ်သော အချိန်ကာလ ဖြစ်သည်။
ဗုဒ္ဓဟူးနေ့သားသမီးများ
အောင်မြင်မှု အခွင့်အလမ်းများ ဖန်တီး ပုံဖော်နိုင်မည့် အနာဂတ်ကာလ ဖြစ်သည်။
ကြာသာပတေးနေ့သားသမီးများ
ငွေကြေး အစုလိုက်၊ အပုံလိုက် ရရှိတတ်ပြီး ထီကံစမ်း ပေးသင့်ချိန် ဖြစ်သည်။
သောကြာနေ့သားသမီးများ
ဘုန်းကံသြဇာ အရှိန်အ၀ါ တောက်ပ လင်းလက်လာမည့် ရွှေရောင်နေ့ရက် ဖြစ်သည်။
စနေနေ့သားသမီးများ
အောင်မြင် ကြီးပွားမှု လမ်းမများထက် ရပ်တည် ရှင်သန်ခွင့်ရှိမည့် အချိန်ကာလ ဖြစ်သည်။
ရာဟုနေ့သားသမီးများ
အထက် အကြီးအကဲ ဆရာသမားများ ထူးခြားစွာ ကောင်းကျိုးပြုမည်။ | တနင်္ဂနွေသားသမီးများ ၀တ်ဆင်ရန် | အနီ၊ အ၀ါ၊ အပြာနု |
| တနင်္လာနေ့သားသမီးများ ၀တ်ဆင်ရန် | ဆင်စွယ်၊ အ၀ါ၊ အဖြူ |
| အင်္ဂါနေ့သားသမီးများ ၀တ်ဆင်ရန် | အ၀ါ၊ အနက်၊ ခရမ်း |
| ဗုဒ္ဓဟူးနေ့သားသမီးများ ၀တ်ဆင်ရန် | အစိမ်းနု၊ အ၀ါ၊ အပြာနု |
| ကြာသာပတေးနေ့သားသမီးများ ၀တ်ဆင်ရန် | အ၀ါ၊ အဖြူ၊ အစိမ်းနု |
| သောကြာသားသမီးများ ၀တ်ဆင်ရန် | အပြာနု၊ အ၀ါ၊ ခရမ်း |
| စနေနေ့သားသမီးများ ၀တ်ဆင်ရန် | အနက်၊ အ၀ါ၊ အပြာနု |
| ရာဟုနေ့သားသမီးများ ၀တ်ဆင်ရန် | အစိမ်းရင့်၊ အ၀ါ၊ အဖြူ |
No comments:
Post a Comment