Friday, April 11, 2014

လူငယ် ကစားသမားများကို အခွင့်အရေး ပေးခဲ့သည့် လိဂ်နည်းပြများကို ရွိုင်းဟော့ဒ်ဆန် ချီးကျူ



အင်္ဂလန် အသင်းနည်းပြ ရွိုင်းဟော့ဒ်ဆန်က နည်းပြရော်ဘတ်တိုမာတီနက်ဇ်နှင့် ပိုချက်တီနိုတို့ကို ယခုရာသီတွင် အင်္ဂလန်လူငယ် ကစားသမားများကို အခွင့်အရေးများ ပေးခဲ့မှုအတွက် ၎င်းတို့၏ ရဲရင့်မှုကို ချီးကျူး ပြောကြားခဲ့ကြောင်း သိရသည်။ နည်းပြရွိုင်းဟော့ဒ်ဆန်က ယခုအချိန်တွင် အင်္ဂလန်အသင်း လူစာရင်းအတွက် ကစားသမား အများအပြား ရှိနေပြီး ၎င်းအတွက် ရွေးချယ်ရ ခက်ခဲစေသည်ဟု ပြောကြားခဲ့သည်။ ၎င်းနည်းပြသည် အဲဗာတန်အသင်းမှ ရော့စ်ဘာကလေနှင့် ဆောက်သမ်တန်အသင်းမှ လုရှောတို့ကို ရွေးချယ်ခဲ့သည်။ “တံခါးခေါက်ရုံတင် မဟုတ်ဘဲ တူနဲ့ပါထုနေတဲ့ အရမ်းကို စိတ်ဝင်စားစရာကောင်းတဲ့ လူငယ်ကစားသမား အများကြီး ရှိပါတယ်။ ရော်ဘတ်တိုမာတီနက်ဇ်ဟာ လူငယ်ကစားသမား ရော့စ်ဘာ့က်လေအတွက် လီယွန်အော့စ်မန်ကို ဖယ်ထားခဲ့ဖို့ အတော်လေး ပြင်ဆင် ထားခဲ့ရပါတယ်။ ဒါဟာ အရမ်းကို ပြင်းထန်တဲ့ ဆုံးဖြတ်ချက်ပါပဲ။ ပိုချက်တီနိုက လုရှောလို ကစားသမားမျိုးကို ရွေးချယ်ခဲ့ပါတယ်။ ဒါက သတိ္တရှိမှုကိုပြပြီး ချီးကျူးထောမနာ ပြုရမှာပါ”ဟု ရွိုင်းဟော့ဒ်ဆန်က ချီးကျူးပြောကြားခဲ့သည်။ နည်းပြရွိုင်းဟော့ဒ်ဆန်သည် ၂၃ဦး လူစာရင်းကို မေလ ၁၃ရက်နေ့တွင် ရွေးချယ်ရမည် ဖြစ်သည်။ အင်္ဂလန် အသင်းသည် ကမ္ဘာ့ဖလား ခြေစစ်ပွဲ ကာလကို ရှုံးပွဲမရှိ ကျော်ဖြတ်ခဲ့သော အသင်းဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကို ဇွန်လ ၁၆ရက်နေ့တွင် အီတလီ အသင်းနှင့် စတင် ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။

No comments:

Post a Comment

back to top