သီးသန့် ဂျက်လေယာဉ်လေးစီးငှာပြီး ဘရာဇီးကမ္ဘာ့ဖလားပွဲ သွားမယ့် ရော်နယ်ဒို

ကမ္ဘာ့အချမ်းသာဆုံးဘောလုံးသမားဖြစ်တဲ့ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး
ရော်နယ်ဒိုဟာ ၂၀၁၄ ကမ္ဘာ့ဖလား ဘောလုံးပွဲကျင်းပမယ့် ဘရာဇီးနိုင်ငံကို သူ
့ရဲ့ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေနဲ့ အတူ ဂျက်လေယာဉ် လေးစီးငှားပြီး သွားရောက်မယ်လို့ သိရပါတယ်။ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု ကိုလက်ရှိပိုင်ဆိုင်ထားတဲ့ ရော်နယ်ဒိုဟာ
ပေါ်တူဂီလက်ရွေးစင်အသင်း နဲ့ အတူ ကမ္ဘာ့ဖလားပွဲကို
ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ပွဲကာလအတွင်းမှာ သူ့ ရဲ့ မိသားစုဝင်တွေ
တည်းဖို့  အတွက် ကြယ်ငါးပွင့်ဟိုတယ်တွေမှာလည်း ကြိုတင်စာရင်းပေးပြီးပြီလို
့ဆိုပါတယ်။ ဇာတိ Madeira မှာ သူ့ ရဲ့ ကိုယ်ပိုင်ပြတိုက်ကို
ဖွင့်လှစ်ထားသလို ရော်နယ်ဒိုဟာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ဖြစ်တဲ့
Ballon d’Or ရရှိတုန်းကလည်း ရီးယဲလ်မက်ဒရစ်အသင်းဆေးအဖွဲ့ ရဲ့ အဖွဲ
့ဝင်တိုင်း ကို သူတို့ ကြိုက်တဲ့ ကားတစ်စီးစီ ၀ယ်ပေးခဲ့သူပါ။ ရော်နယ်ဒိုရဲ့ အခုအစီအစဉ်ကို ထုတ်ဖော်ပြောကြားခဲ့သူကတော့ ဘရာဇီးလေတပ်ရဲ့ ဗိုလ်မှူးကြီးတစ်ဦး ဖြစ်ပါတယ်။ ရော်နယ်ဒို ရဲ့ မိသားစု၊မိတ်ဆွေတွေဟာ ဘယ်လောက်တောင်များ လို့ ဂျက်လေယာဉ်လေးစီးဌားပြီး လာရတာလည်း ဆိုတာကတော့ မသိရပါဘူး။ ဘရာဇီးနိုင်ငံဟာ ကမ္ဘာ့ဖလားပွဲစဉ်ကာလအတွင်း ကစားကွင်းတွေအနီးနား ကနေ လေယာဉ်ပျံသန်းခြင်းကို တားမြစ်ထားပါတယ်။
Trend Myanmar
No comments:
Post a Comment