ဒဂုံမြို့သစ်(တောင်ပိုင်း)နှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ် ပါတီဝင် များနှင့် ပါတီအထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်သိမ်း ကွင်း ဆင်းတွေ့ ဆုံ
မတ်လ (၁၅) ရက် နေ့လည် ၁၃၁၀ နာရီတွင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့ နယ်၊ (၂၅) ရပ်ကွက်၊ စည်ပင် လမ်း၊
အမှတ် (၆၅၄/၆၅၅) ရှိ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ပြည်ထောင်စု
ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အပေါ်ထပ်ခန်းမသို့ ပါတီအထွေထွေ
အတွင်းရေးမှူး ဦးမောင်မောင်သိမ်းနှင့် ရန်ကုန်တိုင်းဒေသကြီးပါတီ
ယာယီအတွင်းရေးမှူး ဦးသာဝင်း တို့အဖွဲ့ ရောက်ရှိပြီး
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ မြို့နယ်နှင့် ရပ်ကွက် ပါတီ
ကော်မတီများနှင့် တွေ့ဆုံခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး ပါတီကော်မတီဝင်၊
ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်
ဒေါ်စန်းစန်းဝင်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် ပါတီ အတွင်းရေး မှူး
ဒေါ်စန်းစန်းဌေး၊ မြို့နယ်နှင့် ရပ်ကွက်/ကျေးရွာ (၃၂) ခုမှ ပါတီ ကော်မတီဝင်
များ စုစုပေါင်း (၉၇) ဦး တက်ရောက်သည်။ တက်ရောက်လာသော မြို့နယ်၊
ရပ်ကွက်နှင့် ကျေးရွာ များမှ ပါတီကော်မတီဝင်များ မိတ်ဆက်၍ မြို့နယ်ပါတီ
အတွင်းရေးမှူး ဒေါ်စန်းစန်းဌေး က မြို့နယ်ပါတီ ဆောင် ရွက်ချက် များနှင့်
ဒေသဆိုင်ရာ အချက်အလက်များ တင်ပြသည်။
ယင်းနောက်
ပါတီအထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်းမှ လမ်းညွှန် အမှာစကား
ပြောကြား၍ တက်ရောက်လာသူများကို ရင်းနှီးစွာနှုတ်ဆက်ခဲ့ သည်။
ဆက်လက်၍
အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်းနှင့် အဖွဲ့ သည် နေ့လည် ၁၄၃၀
နာရီတွင် ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်၊ (၉၀) ရပ်ကွက်၊
ကွမ်အပ်သားမင်းသားကြီးလမ်းနှင့် ပုဏ္ဏမီလမ်းထောင့်၊ အမှတ် (၁/၂) ရှိ
ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး အပေါ်ထပ်ခန်းမသို့
ရောက် ရှိပြီး မြို့ နယ်နှင့် ရပ်ကွက်/ကျေး ရွာပါတီ ကော်မတီဝင်များနှင့်
တွေ့ဆုံရာ ရန်ကုန်တိုင်းဒေသကြီး ပါတီကော် မတီဝင် ဦးတင်လှိုင်
(တိုင်းဒေသကြီး
လွှတ်တော် ကိုယ်စားလှယ်)၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ပါတီကော် မတီဝင်
ဦးသိန်းကျော်အောင် (တိုင်းဒေ သကြီးလွှတ်တော်ကိုယ်စားလှယ်)၊ မြို့နယ်
ပါတီအတွင်းရေး မှူး ဒေါ်နီလာစိုး၊ မြို့နယ်နှင့် ရပ်ကွက်/ကျေးရွာများမှ
ပါတီကော်မတီဝင်များ စုစုပေါင်း (၉၈) ဦး တက်ရောက် ကြသည်။
တက်ရောက်လာသည့် မြို့နယ် ၊ ရပ်ကွက်/ကျေးရွာ ကော်မတီဝင်များက မိတ်ဆက်၍
မြို့နယ် ပါတီ အတွင်းရေး မှူး ဒေါ်နီလာစိုး က မြို့နယ်ပါတီ မှ
ဆောင်ရွက်ချက်များနှင့် ဒေသဆိုင်ရာ အချက်အလက်များ ရှင်းလင်း တင်ပြပြီး
ပါတီအထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်း က လုပ်ငန်း လမ်းညွှန်
အမှာ စကားပြောကြား၍ တက်ရောက်လာသူများ ရင်းနှီးစွာနှုတ် ဆက်၍ တွေ့ဆုံပွဲကို
ရပ်နားခဲ့ကြောင်း သိရှိရသည်။


No comments:
Post a Comment