ပါတီဝင်ကတ်များ ပေးအပ်
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ကန်ချောကျေးရွာအုပ်စု
ဘုရားကြီးကုန်းကျေးရွာ ဘုရားကြီးပရဟိတ ဘုန်းတော်ကြီး ကျောင်းတွင် မတ်လ (၁၈)
ရက်နေ့ နံနက် (၈) နာရီ အချိန်က ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီဝင် အသိအမှတ်ပြုကတ်များ ပေးအပ်ပွဲကျင်းပခဲ့သည်။
အဆိုပါ ပါတီဝင်ကတ်ပေးအပ်ပွဲသို့ ဗဟိုပါတီကော်မတီဝင်၊ တိုင်းဒေသကြီး
ပါတီကော်မတီဝင်၊ ခရိုင်နယ်မြေ တာဝန်ခံ ဒေါက်တာဒေါ်မိုးသူဝင်း၊ တိုင်းဒေ
သကြီးကော်မတီဝင်၊ ခရိုင်နယ်မြေတာဝန်ခံ ဦးသန်းထွန်း နှင့် တိုင်းဒေသ
ကြီးကော်မတီဝင်၊ မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးရဲအောင်မြင့် တို့
တက်ရောက် ခဲ့ပြီး ကျေးရွာပြည်ခိုင်ဖြိုးပါတီဝင်များအား
ပြည်ခိုင်ဖြိုးပါတီဝင် ကတ်များ ပေးအပ်ခဲ့ကာ ခရိုင်ကော်မတီ ဝင်၊ မြို့နယ်ပါတီ
ယာယီဥက္ကဌ၊ အတွင်းရေးမှူး နှင့် စည်းရုံးရေးကဏ္ဍ တာဝန်ခံ တို့မှ
ပါတီဝင်များထံ ပါတီဝင် ကတ်များ ပေးအပ်ခဲ့သည်။
(၁၈)နှစ် နှင့် အထက်လူဦးရေ (၃၉၈)ဦး ရှိသည့် အဆိုပါ ဘုရားကြီး ကုန်းကျေးရွာတွင် ယခုပေးအပ် သည့် ပါတီဝင် (၂၅၀)ဦးရှိပြီး ပါတီဝင် အဆိုပြုလွှာများ ဆက်လက် ဝင်ရောက်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
(၁၈)နှစ် နှင့် အထက်လူဦးရေ (၃၉၈)ဦး ရှိသည့် အဆိုပါ ဘုရားကြီး ကုန်းကျေးရွာတွင် ယခုပေးအပ် သည့် ပါတီဝင် (၂၅၀)ဦးရှိပြီး ပါတီဝင် အဆိုပြုလွှာများ ဆက်လက် ဝင်ရောက်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

No comments:
Post a Comment