မြန်မာနိုင်ငံတွင်
ခရမ်းလွန်ရောင်ခြည် ကျရောက်မှု အခြေအနေ ကို နေ့စဉ်သတင်း ထုတ်ပြန် နိုင်ရန် နာဆာအဖွဲ့
(NASA) မှ ကူညီ မည်
မြန်မာနိုင်ငံ
အတွင်းရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ခရမ်းလွန်ရောင်ခြည် ကျရောက်မှု
အခြေအနေ များကို နေ့စဉ်တိုင်းတာပြီး သတင်း ထုတ်ပြန်နိုင်စေရန် အမေရိကန် နိုင်ငံရှိ
လေကြောင်း ပျံသန်းခြင်းနှင့် အာကာသဆိုင်ရာ စူးစမ်းလေ့လာရေး အဖွဲ့ (National
Aeronautics and Space Administration - NASA) မှ အကူအညီ အထောက်အပံ့များ
ပေးသွားမည် ဖြစ်ကြောင်း မြန် မာနိုင်ငံ မိုးလေဝသ ဌာနမှ တာဝန်ရှိသူ တစ်ဦးက
ပြောကြား ခဲ့သည်။
ထိုသို့
တိုင်းတာနိုင်ရန် အတွက် လိုအပ်သော နည်းပညာများနှင့် စက်ကိရိယာများကို
အမေရိကန်နိုင်ငံ နာဆာအဖွဲ့မှ အခမဲ့ ကူညီထောက်ပံ့ ပေးသွားမည် ဖြစ်ရာ ယခုအခါ အဆိုပါ
စီမံကိန်းကို အမြန်ဆုံး အကောင် အထည် ဖော်ဆောင်ရွက် နိုင်စေရန် မြန်မာနိုင်ငံ
မိုးလေဝသ ဌာနနှင့် နာဆာအဖွဲ့အကြား ညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်လျက် ရှိသည်။
အဆိုပါ
ခရမ်းလွန်ရောင်ခြည် ကျရောက်မှု အခြေအနေကို တိုင်းတာသော စက်များသည် အိမ်နီး ချင်း
နိုင်ငံများတွင် တပ်ဆင်ထားရှိပြီး ဖြစ်သော်လည်း မြန်မာနိုင်ငံတွင် ထိုစက်များ
လိုအပ်နေ သေး သည့် အတွက် ယခုကဲ့သို့ စီမံကိန်း ရေးဆွဲကာ နာဆာအဖွဲ့နှင့် ဆွေးနွေး
တိုင်ပင်ခဲ့ရာ ၄င်းအဖွဲ့ကလည်း အကူ အညီပေးရန် ယခုအခါ မြန်မာနိုင်ငံတွင် ခရမ်းလွန်
ရောင်ခြည် ကျရောက်မှုနှုန်း မြင့် တက်လျက်ရှိရာ အဆိုပါ စက်များကို အမြန်ဆုံး
တပ်ဆင်ကာ နေ့စဉ် တိုင်းတာပြီး မိုးလေဝသ သတင်းများ၌ ထည့် သွင်း ကြေညာခြင်း၊ သတိပေး
ကြေညာချက်များ ထုတ်ပြန်ခြင်းတို့ကို လုပ်ဆောင်နိုင်စေရန် သက်ဆိုင် ရာမှ အလျင်အမြန်
ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment