နက္ခတ်သိပ္ပံ အကြံပြုလမ်းညွှန်
တနင်္ဂနွေဂြိုဟ် မိန်ရာသီနှင့် ဗုဒ္ဓဟူးဂြိုဟ် ကုမ်ရာသီ၌ ရပ်တည်နေပြီး အင်္ဂါဂြိုဟ် တူရာသီ၌ ဖေါက်ပြန် တည်ရှိနေမည်။ တနင်္လာဂြိုဟ် ကန်ရာသီ၌ ရပ်တည်နေပြီး သောကြာဂြိုဟ် မကာရရာသီ၌ ရပ်တည်နေမည်။ ကြာသပတေးဂြိုဟ် မေထုန်ရာသီ၌ ရပ်တည်နေပြီး စနေဂြိုဟ် တူရာသီတွင် ဖေါက်ပြန် တည်ရှိနေပါမည်။ ရာဟုနှင့် ကိတ်ဂြိုဟ်များ တူရာသီနှင့် မိဿရာသီ၌ တည်ရှိနေမည်။ ယူရေးနပ်စ်ဂြိုဟ် မိန်ရာသီ၊ နက်ပ်ကျွန်းနှင့် ပလူတိုဂြိုဟ်များ ကုမ်နှင့် ဓနုရာသီ၌ တည်ရှိနေမည်။ တနင်္လာမှ ပလူတိုသို့ ၉၀ံအမြင် ရှိထားသည်။ ဟဿတနက္ခတ်စန်းယှဉ်ပြီး မိဿ၊ ကရကဋ်၊ သိဟ်၊ ကန်၊ ကုမ်နှင့် မိန်ရာသီဖွားများ ကံအညံ့ တွေ့ကြုံတတ်သည်။ တနင်္ဂနွေ၊ တနင်္လာနှင့် ရာဟုသားသမီးများ အမှုပြဿနာ တွေ့ကြုံတတ်သည်။ မီးဘေးအန္တရာယ်များ၊ အတွေးမှား /အကြံမှား ကိစ္စများ တွေကြုံတတ်သည်။ ခရီးဝေးသွားလာမှုများ၊ ရေကြောင်း-လေကြောင်း ခရီးစဉ်များ ၊ကုန်ပစ္စည်း သိုလှောင်မှုများ၊ စာပေ-အနုပညာ ထုတ်ဝေဖြန့်ချီမှုများ မဆောင်ရွက်သင့်ပါ။ ကံကောင်း ဂဏန်း-၅၊ ၃၊ ဝ
တနင်္ဂနွေသားသမီးများ
အခက်အခဲများ ပြင်းထန်၍ ကြီးမားသော ပြဿနာများ ရင်ဆိုင် တွေ့ကြုံ ဖြေရှင်းရတတ်သည်။
တနင်္လာသားသမီးများ
ငွေကြေး ကိစ္စများတွက် စိတ်အနှောင့်အယှက်များ တွေ့ကြုံ ရင်ဆိုင်ရတတ်သည်။
အင်္ဂါနေ့သားသမီးများ
အကြံဥာဏ် စိတ်ကူးသစ်များဖြင့် ကံကောင်း အောင်မြင်မှုများ ဖန်တီး ပုံဖော်နိုင်မည်။
ဗုဒ္ဓဟူးနေ့သားသမီးများ
ရွှေရောင် ကံကောင်း အောင်မြင်မှုများ မိမိလက်ဝယ် ရောက်ရှိလာမည့် အချိန်ကာလ ဖြစ်သည်။
ကြာသာပတေးနေ့သားသမီးများ
ကြိုးစားမှု ရလဒ်များအတွက် ရွှေရောင် အောင်မြင်မှုများ ဆီးကြိုနေလိမ့်မည်။
သောကြာနေ့သားသမီးများ
အောင်မြင်မှု ရက်စွဲများအောက် မိမိ လိုအင်ဆန္ဒများ လှပစွာ ပုံဖော်ခွင့် ရရှိမည်။
စနေနေ့သားသမီးများ
ထူးခြားသည့် ကံကောင်း ကြီးပွား အောင်မြင်မှုများ ရယူ ပိုင်ဆိုင်ခွင့်ရှိမည့် ရွှေရောင်နေ့ရက် ဖြစ်သည်။
ရာဟုနေ့သားသမီးများ
စိတ်ပင်ပန်းမှုများ ယှဉ်တွဲ၍ မိမိ၏ လုပ်ငန်းများ ဖန်တီး ပုံဖော်ရမည့် အချိန်ကာလ ဖြစ်သည်။ | တနင်္ဂနွေသားသမီးများ ၀တ်ဆင်ရန် | အ၀ါ၊ ဆင်စွယ်၊ အနီ |
| တနင်္လာနေ့သားသမီးများ ၀တ်ဆင်ရန် | အ၀ါ၊ အဖြူ၊ အပြာနု |
| အင်္ဂါနေ့သားသမီးများ ၀တ်ဆင်ရန် | အနီ၊ အ၀ါ၊ အစိမ်းနု |
| ဗုဒ္ဓဟူးနေ့သားသမီးများ ၀တ်ဆင်ရန် | အစိမ်းနု၊ ခရမ်း၊ အ၀ါ |
| ကြာသာပတေးနေ့သားသမီးများ ၀တ်ဆင်ရန် | အ၀ါ၊ ခရမ်း၊ အနီ |
| သောကြာသားသမီးများ ၀တ်ဆင်ရန် | အဖြူ၊ အနက်၊ အစိမ်းရင့် |
| စနေနေ့သားသမီးများ ၀တ်ဆင်ရန် | အနက်၊ ဆင်စွယ်၊ အ၀ါ |
| ရာဟုနေ့သားသမီးများ ၀တ်ဆင်ရန် | အ၀ါ၊ ဆင်စွယ်၊ ခရမ်း |
No comments:
Post a Comment