အာဆီယံအရပ်ဘက်လူမှုအဖွဲ့အစည်းများညီလာခံနှင့် အာဆီယံပြည်သူ့ ဖိုရမ် ၂ဝ၁၄ ကျင်းပရန်အတွက်လေး ကြိမ်မြောက် သတင်းစာရှင်း လင်းပွဲပြုလုပ်
အာဆီယံအရပ်ဘက်လူမှုအဖွဲ့ အစည်းများညီလာခံနှင့် အာဆီယံ ပြည်သူ့ဖိုရမ်
၂ဝ၁၄ကို ကျင်းပရန် အတွက် ယနေ့နံနက် ၁၁နာရီတွင် မြန်မာဂျာနယ်လစ်ကွန်ရက်ရုံး၌
အာဆီယံပြည်သူ့ဖိုရမ်ဖြစ်မြောက် ရေးကော် မတီ က လေးကြိမ်မြောက် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။
အဆိုပါဖိုရမ်ကို အဓိကခေါင်း စဉ်ကြီးလေးခုဖြင့် ကျင်းပမည်ဖြစ် ပြီး ယင်းခေါင်းစဉ်များမှာ ရေရှည် တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး၊တရားမျှတရေးနှင့် ဒီမို ကရေစီထွန်းကားရေးအတွက် အာဆီယံလူထုသွေးစည်းညီညွတ်မှု မြင့်မားရေးဟူသော ဦးတည်ချက် ပေါ်အခြေခံ၍ အကြောင်းအရာ ခေါင်းစဉ်လေးခုအောက်တွင် ငြိမ်း ချမ်းရေး၊ လူ့အခွင့်အရေးနှင့် တရားမျှတမှု၊ဖွံ့ဖြိုးရေးနှင့် ဒီမို ကရေစီထွန်းကားရေးစသည်တို့ကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ဖိုရမ်တွင် အလုပ်ရုံဆွေးနွေးပွဲ ၃ဝကျော်ပြုလုပ်ရန်စီစဉ်နေကြောင်း ဖိုရမ်ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဒေါ်မေမေပြုံးကပြောသည်။

No comments:
Post a Comment