နိုင်ငံသားများကို ပြန်လာဖို့ အမိန့်ထုတ် ပြန်လိုက်သည့် ဆော်ဒီအာရေးဗျ အစိုးရ
ဆော်ဒီအာရေးဗျနိုင်ငံဟာ အနောက်အာရှမှာ အကြီးဆုံး အာရပ်နိုင်ငံ
တစ်နိုင်ငံဖြစ် ပါတယ်။ ဆော်ဒီအာရေးဗျနိုင်ငံရဲ့ အိမ်နီးနားချင်းတွေကတော့ဂျော်ဒန်နိုင်ငံ၊ အီရတ်နိုင်ငံ၊ ကူဝိတ်နိုင်ငံ၊ ကာ တာနိုင်ငံ၊ ဘာရိန်းနိုင်ငံနဲ့ အာရပ်ပြည်ထောင်စု နိုင်ငံတို့ဖြစ်တယ်လို့ သိရပါတယ်။
အခုဆော်ဒီအာရေဗျနိုင်ငံဟာ ဆီးရီးယားနိုင်ငံမှာ ရောက်ရှိနေတဲ့
သူတို့နိုင်ငံသားတွေကို ပြန်ခေါ်လိုက်ပါတယ်။
ဆီးရီးယားနိုင်ငံမှာဆီးရီးယားသူပုန်တွေနဲ့အတူအာဆက်အစိုးရကိုတိုက်ခိုက်နေတဲ့ဆော်ဒီအာရေးဗီးယားလူငယ်လူ
ရွယ်တွေနိုင်ငံကိုပြန်လာဖို့ဆော်ဒီအာရေးဗျအစိုးရကအမိန့်ထုတ်ပြန်လိုက်တယ်လို့သိရပါတယ်။ဆော်ဒီအာရေးဗျ
အစိုးရဟာဆီးရီးယားနိုင်ငံမှာရောက်ရှိနေတဲ့ သူတို့ရဲ့နိုင်ငံသားအားလုံးကို
နိုင်ငံထဲကို ပြန်လာဖို့ ထုတ်ပြန်ခဲ့ပြီး ပြန်လာဖို့
ငြင်းဆန်သူကိုအပြစ်ပေးမှာဖြစ်တယ်လို့ကြေညာခဲ့ပါတယ်။
ဒီကြေညာချက်ဟာ ဆော်ဒီအာရေးဗျ အစိုးရအတွက် အလှည့်အပြောင်းဖြစ်ပြီး အရင်က
အစိုးရဟာ ဆီးရီးယားသူပုန်တွေကို လက်နက်ထောက်ပံ့ထားသလို
ဆီးရီးယားသူ ပုန်တွေကို လည်း ထောက်ခံခွင့်ပြုခဲ့ ပါတယ်။ဒါ့အပြင်
ဆီးရီးယားနိုင်ငံမှာ အယလ်ကေးဒါးအဆက်အနွယ် မွတ်စလင်အစွန်းရောက်တွေ
တိုးပွားလာမှုကြောင့် လည်း ဆော်ဒီအာရေးဗျအစိုးရဟာ စိုးရိမ်ပူပန်လာတာ
ဖြစ်ပါတယ်။ အစွန်းရောက် အဖွဲ့တွေမှာ ပါဝင်ပြီး
ဆော်ဒီအာရေးဗျနိုင်ငံမှာအကြမ်း ဖက်လုပ်ရပ်တွေလုပ် မှာစိုးတဲ့အတွက်အစိုး ရကဆော်ဒီအာရေးဗီးယားလူငယ်တွေပြန်
လာဖို့ ထုတ်ပြန်လိုက်တာဖြစ်တယ်လို့ သိရပါသည်။
No comments:
Post a Comment