ဗန်ကောက်မြို့၌ ပြုလုပ်မည့် Miss Grand International 2014 ပြိုင်ပွဲကြီးတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာနိုင်ငံ ကိုယ် စားပြု အလှမယ် ရွေးချယ်ပွဲ ပြုလုပ်သွားမည်
ဒုတိယအကြိမ်မြောက် Miss Grand International 2014 ကမ္ဘာ့အလှမယ်
ပြိုင်ပွဲကြီးကို ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ စက်တင်ဘာ ဒုတိယပတ်၌ စတင်ကျင်းပသွားမည် ဖြစ်ပြီး နောက်ဆုံးအဆင့် ဖိုင်နယ်ပြိုင် ပွဲကြီးကို
အောက်တိုဘာ ၇ ရက်တွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲကြီးသို့
သွားရောက်ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ်
ရွေးချယ်ပွဲကြီးကို လာ မည့်မေလတွင် ကျင်းပမည့် အလှမယ် ပြိုင်ပွဲကြီး Miss
Golden Land Myanmar 2014 ပြိုင်ပွဲ တွင် ရွေး ချယ်သွားမည် ဖြစ်ကြောင်း
သိရသည်။
ထို့ပြင် ယင်းပြိုင်ပွဲကြီးတွင်
Miss Grand Myanmar 2014 ရွေးချယ်မှု အပါအဝင် Miss Supranational 2014
နှင့် Miss Intercontinental 2014 ကမ္ဘာ့ အလှမယ် ပြိုင်ပွဲကြီးများ၌
ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရရှိမည့် မြန်မာနိုင်ငံ ကိုယ်စားပြု
အလှမယ်များကိုပါ တစ်ပွဲတည်းတွင် ရွေးချယ် သွားမည် ဖြစ်ကြောင်း သိရသည်။
Miss Grand International 2014
သရဖူဆုရှင်သည် ဘတ်ငွေ နှစ်သန်းတန် သရဖူ၊ ဆုကြေးငွေ အမေရိ ကန်ဒေါ်လာ
သုံးသောင်း၊ တစ်နှစ်တာ ကွန်ဒိုတိုက်ခန်းနှင့် တစ်နှစ်တာ လစာများအပြင်
Sponsor ကုမ္ပဏီ များမှ ချီးမြှင့်မည့်ဆုများ၊ တခြား အခွင့်အရေး
များစွာရရှိမည်ဖြစ်ပြီး Stop the War Campaign နှင့် လူမှုရေး ပရဟိတ
လုပ်ငန်းများအတွက် နိုင်ငံတကာသို့ လည်ပတ်ကာ တစ်နှစ်တာ တာဝန် ထမ်း
ဆောင် ခွင့် ရရှိမည်ဖြစ်သည်။
Miss Grand International 2014
ပြိုင်ပွဲကြီး၏ Final Night ကို Thai Sport Authority ပိုင် Indoor Stadium
Hua-mark ၌ ကြီးကျယ် ခမ်းနားစွာ ကျင်းပသွားမည် ဖြစ်ပြီး
ထိုင်ခုံတစ်သောင်းခွဲ ဆံ့သည့် ယင်းအားကစား ခန်းမကြီးမှာ ၁၉၆၆ ခုနှစ်
ငါးကြိမ်မြောက် အာရှအားကစား ပွဲတော်ကြီးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရန်
တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး ယခုအခါ နိုင်ငံတကာ အားကစားပွဲတော်များ ကို
နှစ်စဉ် ကျင်းပ လျက် ရှိကြောင်း သိရသည်။
ပထမအကြိမ် Miss Grand Interna-tional 2013
ပြိုင်ပွဲကြီးတွင် နိုင်ငံပေါင်း ၇၁ နိုင်ငံမှ နိုင်ငံကိုယ်စားပြု အလှမယ်
၇၁ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ယခုနှစ်ပြိုင်ပွဲကြီးတွင် နိုင်ငံပေါင်း
၁ဝဝ ကျော်မှ နိုင်ငံကိုယ်စားပြု အလှမယ်များ ပါဝင်ယှဉ်ပြိုင်ကြမည်
ဖြစ်ကြောင်း သိရသည်။
Miss Grand International 2013
ပြိုင်ပွဲကြီးတွင် မြန်မာနိုင်ငံမှ Miss Grand Myanmar 2013 ထားထက်ထက်က
ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး Top 10 အကောင်းဆုံး နိုင်ငံ့ရိုးရာ
ဝတ်စုံဆု Miss Popular Vote ဆုနှင့် T-Pageant's People's Choice ဆုများ
ရရှိခဲ့ပြီး ဖိုင်နယ် ပြိုင်ပွဲကြီး တွင် နောက်ဆုံး အဆင့် ဆန်ခါတင်
လက်ရွေးစင် ၂ဝ စာရင်းအထိ ရွေးချယ်ခြင်း ခံခဲ့ရကြောင်း သိရသည်။
မေလတွင်ကျင်းပမည့် Miss Golden Land
Myanmar 2014 ပြိုင်ပွဲကြီး အတွက် ပြိုင်ပွဲဝင် လျှောက်လွှာများကို ဧပြီ ၁ဝ
ရက် နောက်ဆုံးထားကာ Miss Golden Land Myanmar ရုံးတည် ရှိရာ တိုက်အမှတ် (၂ဝ)
မြေညီထပ် ဟင်္သာတလမ်း စမ်းချောင်းမြို့နယ် ရန်ကုန်တိုင်း ဒေသကြီးသို့
လူကိုယ် တိုင်ဖြစ်စေ၊ စာတိုက်မှဖြစ်စေ ပေးပို့ လျှောက်ထားရမည် ဖြစ်သည်။
ပြိုင်ပွဲကြီးနှင့် ပတ်သက်၍ အသေးစိတ်
သိရှိလိုပါက ဖုန်း-ဝ၉-၃၁၂၅၂ဝဝ၁၊ ဝ၉-၄၄၄ဝ၁၂၃၉ဝ နှင့် ဝ၉-၄၃ဝ၂၆၁၅၈ တို့သို့
ဆက်သွယ် စုံစမ်း မေးမြန်းနိုင်ကြောင်း သိရသည်။
No comments:
Post a Comment