မီနီဘတ်စ် ယာဉ်သစ်များ တင်သွင်းနိုင်ရန် ကားကုမ္ပဏီနှင့် ယာဉ်ပိုင် ရှင်များ ချိတ်ဆက် လုပ်ကိုင်နိုင်ရေး မ-ထ-သ(ဗဟို) ကူညီမည်
ခရီးသည်တင်
ဟိုင်းလပ်ယာဉ်များ နေရာတွင် မီနီဘတ်စ် ယာဉ်သစ်များ တင်သွင်းပြေးဆွဲ
နိုင်ရန် ကားတင် သွင်းသော ကုမ္ပဏီများနှင့် ယာဉ်ပိုင်ရှင်များ ချိတ်ဆက်
လုပ်ကိုင်နိုင်စေရေး အတွက် ကူညီပေးသွား မည် ဖြစ်ကြောင်း မော်တော်ယာဉ်
လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု (ဗဟို)ကော်မတီ ဥက္ကဋ္ဌ
ဦးလှအောင်က ပြောကြားခဲ့သည်။
ခရီးသည်တင် ဟိုင်းလပ်ယာဉ်များမှာ
ရန်ကုန်မြို့ စည်ပင်သာယာ နယ်နိမိတ် အတွင်း မတ် ၃၁ ရက် အထိသာ ခရီးသည်
တင်ဆောင်ပြေးဆွဲခွင့် ရှိမည်ဖြစ်ပြီး နောက်ပိုင်းတွင် မီနီဘတ်စ်
ယာဉ်များဖြင့် အစား ထိုး ပြေးဆွဲခြင်းနှင့် ရန်ကုန်မြို့ စည်ပင်သာယာ
နယ်နိမိတ် ပြင်ပတွင် လမ်းကြောင်းပြောင်း လဲ ပြေးဆွဲခြင်း တို့ကို
ပြုလုပ်ရတော့မည် ဖြစ်သည်။
ရန်ကုန်မြို့တွင်းရှိ အချို့သော
ခရီးသည်တင် ဟိုင်းလပ်ယာဉ် ပိုင်ရှင်များက မီနီဘတ်စ် ယာဉ်တင် သွင်း
ပြေးဆွဲမှုများ ရှိနေသော်လည်း တချို့မှာ မီနီဘတ်စ်ယာဉ်များ တင်သွင်းနိုင်ရန်
အတွက် ငွေကြေး အခက် အခဲ ရှိနေ၍ တင်သွင်းရန် ခက်ခဲလျက် ရှိသည်။
ကားတင်သွင်းသော ကုမ္ပဏီများကလည်း မ-ထ-သ
(ဗဟို)သို့ မီနီဘတ်စ်ယာဉ်များ တင်သွင်းရန် ချိတ်ဆက် ကမ်းလှမ်းမှုများ
ပြုလုပ်နေကြောင်း၊ ကားကုမ္ပဏီများ၏ ကမ်းလှမ်းမှု ကို ယာဉ်ပိုင်ရှင်များသို့
ချပြ၍ ချိတ်ဆက် ကူညီနေကြောင်း သိရသည်။
ခရီးသည်တင် ဟိုင်းလပ်ယာဉ် ပိုင်ရှင်များ
အနေဖြင့်လည်း မီနီဘတ်စ် ယာဉ်များကို ကားကုမ္ပဏီများ ထံမှ အရစ်ကျ စနစ်ဖြင့်
ဝယ်ယူရာတွင် အရစ်ကျ ပေးသွင်းငွေနှင့် အတိုးနှုန်းမှာ များပြားနေ၍ စည်ပင်သာယာ
နယ်နိမိတ် ပြင်သို့ထွက်ကာ လမ်းကြောင်းပြောင်း ပြေး ဆွဲရန် ပြင်ဆင်
နေခြင်းများလည်း ရှိကြောင်း ယာဉ်ပိုင်ရှင်များထံက သိရသည်။
No comments:
Post a Comment