Wednesday, December 10, 2014

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဖိလစ်ပိုင်သမ္မတနိုင်ငံ သို့ ချစ်ကြည်ရေးခရီး သွားရောက်
***********************************************************

ပည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဖိလစ်ပိုင် သမ္မတနိုင်ငံ အောက်လွှတ်တော် ဥက္ကဋ္ဌ Hon.Mr. Feliciano Belomonte,.Jr. ၏ ဖိတ်ကြားချက် အရ ချစ်ကြည်ရေးခရီး သွားရောက်ရန် ဒီဇင်ဘာ (၉)ရက် နံနက် ၉ နာရီ မိနစ် ၅၀ တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်းခရီးဖြင့် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့သို့ ထွက်ခွာသွားသည်။
ယခုလိုချစ်ကြည်ရေးခရီးစဉ်တွင် ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် ဖိလစ်ပိုင် သမ္မတနိုင်ငံ သမ္မတ မစ္စတာဘီနစ်နိုအကွီနို နှင့်လည်းကောင်း ဖိလစ်ပိုင်ဆီးနိတ်လွှတ်တော်ဥက္ကဋ္ဌ၊ အောက်လွှတ်တော် ဥက္ကဋ္ဌ တို့နှင့်လည်းကောင်း တွေ့ဆုံ ဆွေးနွေးပြီး ဖိလစ်ပိုင်အောက်လွှတ်တော်၏ လုပ်ငန်းဆောင်ရွက်မှုများကို လေ့လာရန် အစီအစဉ် ရှိကြောင်း သိရသည်။
ပြည်သူ့လွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်အတူ ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေး ရာ၊ ကျေးလက်လူမှုဘဝ မြှင့်တင်ရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦး၊ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော် မတီ ဥက္ကဋ္ဌ ဦးစိုးနိုင်၊ ပြည်သူ့လွှတ်တော် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ် သန်းထွတ်သိန်းနှင့် ပြည်သူ့လွှတ်တော်ရုံး တာဝန်ရှိ သူများ လိုက်ပါသွားကြ သည်။
ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် အဖွဲ့ကို ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယက ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတင်အောင်၊ မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်နိုင်ငံ သံအမတ်ကြီး H.E.Mr. Alex Garcia CHUA နှင့် တာဝန်ရှိသူ များက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

No comments:

Post a Comment

back to top