Thursday, December 11, 2014

တိုကျိုတက္ကသိုလ်အသင်းနှင့် မြန်မာအသင်းများ ခြေစမ်းပွဲများကစားမည်

ဂျပန်နိုင်ငံမှ တိုကျိုတက္ကသိုလ်အသင်းနှင့် MNL ကလပ်အသင်းများ တက္ကသိုလ်အသင်းတို့၏ ခြေစမ်းပွဲများ ကို ဒီဇင်ဘာ ၁၁ ရက် နှင့် ၁၂ ရက်တို့တွင် သုဝဏ္ဏကွင်း၌ ကျင်းပသွားမည် ဖြစ်သည်။


ဒီဇင်ဘာ ၁၁ ရက် (ယနေ့) နံနက် ၈ နာရီခွဲတွင် MNL ကလပ်ကမ္ဘောဇအသင်းနှင့် တိုကျိုတက္ကသိုလ်(ခ)အသင်း၊ ညနေ ၃ နာရီခွဲတွင် နည်းပညာ တက္ကသိုလ် (သန်လျင်) အသင်းနှင့် တိုကျိုတက္ကသိုလ် (က)အသင်း၊ ဒီဇင်ဘာ ၁၂ ရက် နံနက် ၈ နာရီခွဲတွင် MNL ကလပ် ဧရာဝတီအသင်းနှင့် တိုကျို တက္ကသိုလ်(က)အသင်း၊ ညနေ ၃နာရီခွဲတွင် နည်းပညာ တက္ကသိုလ်(သန်လျင်)အသင်း နှင့် တိုကျိုတက္ကသိုလ် (ခ)အသင်းတို့ ယှဉ်ပြိုင် ကစားမည် ဖြစ်သည်။ ခြေစမ်းပွဲများကို တစ်နေ့လျှင် နှစ်ပွဲနှုန်းဖြင့် ကျင်းပသွားမည်ဖြစ်ပြီး ဝင်ကြေးအဖြစ်အခမဲ့ သတ်မှတ် ထားသည်။
ကမ္ဘောဇအသင်းနှင့် ဧရာဝတီအသင်းတို့သည် ၂ဝ၁၅ MNL ပြိုင်ပွဲအတွက် ပြင်ဆင်နေသည့် အသင်းများဖြစ်ပြီး နိုင်ငံခြားသား ကစားသမားသစ် များကိုလည်း စမ်းသပ်မှုများ ပြုလုပ်သွားမည် ဖြစ်သည်။
နည်းပညာတက္ကသိုလ်(သန်လျင်)အသင်းသည် ၂ဝ၁၄ တက္ကသိုလ် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သည့် အသင်း ဖြစ်သည်။ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်နှင့် ဂျပန်ဘောလုံး အဖွဲ့ချုပ်တို့သည် မြန်မာဘောလုံးတိုးတက် ရေးအတွက် ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိ သည်။

No comments:

Post a Comment

back to top